The network connection is lost.

Banner Image

အရှိန်လွန်မောင်းနှင်မှုကြောင့် ကားမောင်းခွင့်ပိတ်ပင်ခံလိုက်ရတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကက်စ်ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ပေါင် ၅ သိန်း ၆ သောင်းတန် ရိုးရွိုက်စ်ကားကို အရှိန်လွန်မောင်းနှင်ခဲ့တာကြောင့် ‌ကား‌မောင်းခွင့် ၆ လပိတ်ပင်ခံခဲ့ရပါတယ်။

ယာဉ်မောင်းနှင်နှုန်းကို တစ်နာရီကို မိုင် ၇၀ သာသတ်မှတ်ထားပေမယ့် ရက်ရှ်ဖို့ဒ်ဟာ တစ်နာရီကို ၁၀၄ မိုင်နှုန်းနဲ့မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ ဒီလို အရှိန်လွန်မောင်းနှင်မှုကို ကစားသမားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာကျူးလွန်ခဲ့တာဖြစ်ပေမယ့် ယခုအခါမှသာ တွေ့ရှိပြီး အရေးယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြစ်ဒဏ်အနေနဲ့ ရက်ရှ်ဖို့ဒ်ဟာ ၆ လကားမောင်းခွင့် ပိတ်ပင်ခံရခြင်းနဲ့ လျော်ကြေးငွေ ပေါင် ၁၆၀၀ ကျော်ပေးဆောင်ခဲ့ရပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့နောက်ထပ် ရိုးရွိုက်စ်ကားတစ်စီးနဲ့ ယာဉ်မတော်တဆဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာတော့မရခဲ့ပါဘူး။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရတာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကိုလွဲချော်ခဲ့တဲ့ တောင်ပံကစားသမားဟာ နွေရာသီမှာ အားလပ်ရက်အများအပြားရနေပြီး ယခုအခါမှာ‌တော့ အသင်းနဲ့အတူ လေ့ကျင့်ရေးတွေအပြည့်အဝလုပ်ထားနိုင်ပါတယ်။ လာမယ့်စနေနေ့မှာ‌တော့ ယူနိုက်တက်ဟာ ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲစဉ်ကစားသွားရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ ပွဲထွက်ပါဝင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။