The network connection is lost.

Banner Image

ထောင့်ကန်ဘောနဲ့ပတ်သက်ပြီး အာမိုရင်ရဲ့ပြောကြားချက်ကို အာတီတာ တုံ့ပြန်

အာဆင်နယ်အသင်းနည်းပြ အာတီတာက ယူနိုက်တက်နည်းပြ အာမိုရင်ရဲ့ထောင့်ကန်ဘောနဲ့ပတ်သက်ပြီး ပြောကြားချက်ကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ထောင့်ကန်ဘောတွေကနေ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးတွေကို တင်းဘား နဲ့ ဆာလီဘာတို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက တည်ကန်ဘောကနေ ၂၂ ဂိုးအထိသွင်းယူလာနိုင်ခဲ့ပြီဖြစ်ကာ အင်္ဂလိပ်အသင်းတွေထဲ တည်ကန်ဘောအကောင်းဆုံးအသင်းဖြစ်လာပါတယ်။ တည်ကန်ဘောတွေနဲ့ပတ်သက်ပြီး အာမိုရင်ရဲ့မှတ်ချက်ကို အာတီတာက မိမိတို့အနေနဲ့ နေရာစုံကနေ တိုက်စစ်ဆင်တာမျိုးကို အာရုံစိုက်နေတာ်လို့ ဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းက ဒီအသင်းဘောလုံးသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့တာက တည်ကန်ဘောတစ်ခုတည်းကမဟုတ်ပါဘူး။ ဒါပေမယ့် ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရာတွေအများကြီးရှိနေပါတယ်။ကျွန်တော်တို့ တစ်ဦးချင်း နဲ့ မှော်ဝင်အခိုက်အတန့်တွေဖန်တီးချင်ပါတယ်။ ကစားသမားအများစုကလည်း သူတို့ဂိုးတွေကို သူတို့ဘာသာဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့ တိုတောင်းတာကော ရှည်လျားတဲ့တန်ပြန်တိုက်စစ်တွေကနေကော ၊ အနှေးကစားကွက်ဖန်တီးမှုကနေကော ၊ ပွဲပြန်လည်စတင်တာကနေကော ၊ open playကနေကော ဂိုးတွေဖန်တီးနိုင်ပါတယ်။ ကစားသမားတစ်ဦးချင်းစီတိုင်းကို အသေးစိတ်အာရုံစိုက်စေပါတယ်။ ဆက်လက်လုပ်ဆောင်ပြီး ဆက်လက်တိုးတက်အောင် လုပ်ဆောင်မှာပါ။ 

နိုးပါ။ ကျွန်တော်တို့ inverted wingers တွေနဲ့ကစားပါတယ်။ သူတို့ကအတွင်းထဲကို အများကြီးဝင်ပါတယ်။ အဲ့နေရာမှာ နေရာလွတ်များများစားစားမရှိပါဘူး။ သူတို့ ထွက်ခွာချိန်မှာတော့ အဲ့နေရာမှာ နေရာလွတ်တွေဖြစ်ပေါ်လာပြီး full-back ဒါမှမဟုတ် နံပတ် ၆ ကစားသမားအတွက် အဆင်ပြေစေပါတယ်။ကျွန်တော်တို့ ရှုထောင့်တိုင်းကို ကြည့်ဖို့ လိုအပ်သလို သူတို့ဘာလုပ်လဲဆိုတာရယ် ပြိုင်ဘက်ရဲ့အားနည်းချက်ကို ကြည့်ပြီး အဲ့နေရာကို အသုံးချပါတယ်။ ကျွန်တော်တို့ တည်ကန်ဘောကို ခြိမ်းခြောက်မှုအတွက် လိုအပ်ပါတယ်။ကျွန်တော်တို့ အရမ်းကိုမှအန္တရာယ်များတဲ့အနေအထားမျိုး လိုချင်ပါတယ်။ ပြီးတော့ ရှုထောင့်တိုင်းကနေ အကျိုးသက်ရောက်တာမျိုး လိုချင်ပါတယ်။ ဒီနေ့မှာဆိုရင် ဝက်စ်ဟမ်းနဲ့ပွဲတုန်းကလိုမျိုး open play ကနေ ဂိုးရဖို့  ကြိုးစားခဲ့ပါတယ်။ ဒီအသင်းက နေရာပေါင်းစုံကနေ တိုးတက်လာသလို စိတ်ပိုင်းဆိုင်ရာအရလည်း ပြိုင်ဘက်ကို အလဲထိုးလာနိုင်ပါတယ်။

ဒီနေ့မှာ တည်ကန်ဘော ၁၃ ကြိမ်ကနေ ၂ ဂိုးရခဲ့ပါတယ်။ အဲ့လိုမျိုး အများကြီးရချင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်ကိုအနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ရမှတ်ကွာဟမှုကို ၇ မှတ်အထိ လျော့ချနိုင်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။