
ပရီးမီးယားလိဂ်ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ တော့တင်ဟမ်
ဘရန့်ဖို့ဒ် ဝ-၂ တော့တင်ဟမ် (ပွဲပြီးရလဒ်)
ပွဲချိန်တလျှောက်လုံး အိမ်ရှင်ဘရန့်ဖို့ဒ်ရော၊ ဧည့်သည်တော့တင်ဟမ်ပါ စိတ်ဓါတ်အပြည့်နဲ့ အင်တိုက်အားတိုက်ကြိုးစားကစားခဲ့လို့ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း တော့တင်ဟမ်က ဂျန်နက်ရဲ့ O.G နဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့လို့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဘရန့်ဖို့ဒ်ရဲ့တိုက်စစ်မြှင့်တင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ ဆွန်ဟောင်မင်ရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုမှတဆင့် လူစားဝင်ကစားသမားပါပေးဆားက အကောင်းဆုံးအသုံးချကာ တော့တင်ဟမ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ပိုစတီကိုဂလူရဲ့အသင်းက ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။