The network connection is lost.

Banner Image

ယူရို ၂၅ သန်းနဲ့ ဆော်ဒီမြေထံပြောင်းရွှေ့တော့မယ့် အေစီမီလန်စတား

အေစီမီလန်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီးနောက် သီယိုဟာနန်ဒက်ဇ်တစ်ယောက် ဆော်ဒီမြေကိုထံပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ အယ်လ်-ဟီလယ်အသင်းဟာ ကနဦးချဉ်းကပ်မှုအဆင်မပြေခဲ့ပေမယ့် အခုနောက်ဆုံးမှာတော့ ယူရို ၂၅ သန်းနဲ့ အပြီးသတ်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါသတင်းကို ရိုမာနိုအပါအဝင် သတင်းဌာနတော်တော်များများက အတည်ပြုလာခဲ့တာဖြစ်ပြီး အသက် ၂၇ နှစ်သားအတွက် ပြောင်းရွှေ့ကြေးအပြင် ပုဂ္ဂိုလ်ရေးပါသဘောတူညီမှုရရှိခဲ့ပြီလို့ ဆိုပါတယ်။ မကြာခင်မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး ပြင်သစ်သားဟာ လုပ်ခလစာပေါင် ၁၇ သန်းရရှိမှာဖြစ်ပါတယ်။ အယ်လ်-ဟီလယ်အသင်းဟာ ကနဦးကမ်းလှမ်းခဲ့သေးပေမယ့် ပယ်ချခံခဲ့ရပါတယ်။

တီကိုအသင်းဘက်က ဟာနန်ဒက်ဇ်ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ဆွေးနွေးမှုက ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။  မီလန် နဲ့ သီယိုတို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး လာမယ့်နှစ်မှာ အလွတ်နဲ့လက်လွှတ်ရမှာဖြစ်တာကြောင့် အလျင်အမြန်ရောင်းချခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ အယ်လ်-ဟီလယ်အသင်းမှာ အင်ဇာဂီနဲ့ ပေါင်းဆုံရမှာဖြစ်ပြီး ကန်ဆယ်လို ၊ ဆာဗစ် ၊ မီထရိုဗစ် နဲ့ နီဗက်စ်တို့လိုကစားသမားမျိုးတွေရှိနေပါတယ်။ မီလန်ဟာ ဟာနန်ဒက်ဇ်ရောင်းချမှုကနေ လူအင်အားပြန်လည်ဖြည့်တင်းမှာဖြစ်ပြီး အာဆင်နယ်စတား ဇင်ချန်ကိုကို ပစ်မှတ်ထားနေပါတယ်။