The network connection is lost.

Banner Image

၂၀၁၂ ခုနှစ်တုန်းက ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့ကို လက်ခံခဲ့ပေမယ့် အကြောင်းအရာတစ်ခုက တားဆီးခဲ့ပါတယ်လို့ ပြောကြားလိုက်တဲ့ လီဝန်ဒေါ့စကီး

ရောဘတ် လီဝန်ဒေါစကီးက သူဟာ ၂၀၁၂ ခုနှစ်တွင် ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း ဂိုးသွင်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ကလပ်ကစားသမားဘဝတွင် ဂိုးပေါင်း ၆၀၀ နီးပါး သွင်းယူနိုင်ခဲ့ကာ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာတို့ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ အဆိုပါအရည်အတွက်တွင် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးထားတဲ့ ၁၅၆ ပွဲကစား ၈၄ ဂိုး သွင်းယူထားခြင်းကို မထည့်ထားတာဖြစ်ပါတယ်။

ထို့ကြောင့် လီဝန်ဒေါစကီးအား ခေါ်ယူမှုဟာ ဆာအဲလက်စ် ဖာဂူဆန်ခေတ်နောက်ပိုင်းတွင် ယူနိုက်တက်ရဲ့ ကံကြမ္မာအပေါ် လွှမ်းမိုးမှုအမြဲရှိနေမှာဖြစ်ပါတယ်။ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ရီယိုဖာဒီနန်နှင့် စကားပြောခဲ့တဲ့ မကြာသေးမီက ပေါ့တ်ကာစ်တစ်ခုတွင် လီဝန်ဒေါစကီးဟာ ၂၀၁၂ ခုနှစ်တွင် ယူနိုက်တက်နည်းပြဟောင်းထံမှ အသင်းပြောင်းရန် အားပေးပြောကြားတဲ့ ဖုန်းခေါ်ဆိုမှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Rio Ferdinand Presents ပေါ့တ်ကာစ်တွင် ပိုလန်တိုက်စစ်မှူးက "စကားပြောခဲ့တာကို ကျွန်တော်မှတ်မိနေပါသေးတယ်။ ရာသီကြို မတိုင်ခင်မှာ ကျွန်တော်တို့ ပွဲတွေ ကစားခဲ့ပါတယ်။ သူက ကျွန်တော့်ကိုခေါ်တော့မယ်ဆိုတာ သိပါတယ်"

"၄၅ မိနစ်သာကစားရမယ်ဆိုတာ သိထားတဲ့အတွက်ကြောင့် ပထမပိုင်းအပြီးမျာ လူစားလဲခံလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ ကျန်တော့်ထံ ဖုန်းဝင်လာခဲ့ပါတယ်။ ကျွန်တော်ရဲ့ အင်္ဂလိပ်ဘာသာစကားပြောဆိုမှုက လုံးဝကိုမကောင်းပါဘူး အထူးသဖြင့် ကျွန်တော့်ထံ ဆက်နေတာက ဆာအဲလက်စ်ဖာဂူဆန်ပါ ဒီလူမျိုးနှင့် စကားပြောရမှာဖြစ်ပြီး ချက်ချင်းကို ဖုန်းခေါ်နေတာဖြစ်ပါတယ်"

"ဟုတ်ပါတယ်၊ ကျွန်တော် သူ့ကို ဘာပြောရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဟုတ်ကဲ့ပါ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ချင်ပါတယ်" လို့ ပြောပါတယ်။

လီဝန်ဒေါစကီးဟာ ထိုအချိန်က ဒေါ့မွန်အသင်းတွင် ကစားနေပြီး ကလော့ပ်လက်ထက်တွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

၁၂ လအတွင်းမှာ အသင်းက ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိမှာဖြစ်ပြီး ကလပ်ဟာ လီဝန်ဒေါ့စကီးရဲ့ အိုးထရက်ဖို့ဒ်သို့ပြောင်းရွှေ့ကို ပျက်ပြားသွားစေတဲ့ အရာတစ်ခုကို လုပ်ဆောင်နေတယ်ဆိုတာ သိလာရပါတယ်။

"ဒေါ့မွန်ဥက္ကဋ္ဌနဲ့ စကားပြောတာကို မှတ်မိပါတယ်။ သူတို့က ကျွန်တော့်ကိုလိုတယ် လို့ပြောခဲ့ပါတယ်။ ကျွန်တော်က သူတို့အတွက် အရမ်းအရေးကြီးနေလို့ ယူနိုက်တက်ကို ပြောင်းခွင့်ပေးမှာမဟုတ်ပါဘူး။ ဒါဟာ ပြီးပြည့်စုံတဲ့ အချိန်မဟုတ်ဘူး" 

ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော် ယူနိုက်တက်ကို လာဖို့ ဟုတ်ကဲ့လို့ ပြောခဲ့တာမို့ ဆာအဲလက်စ် ဖာဂူဆန်က ခင်ဗျားကို ခေါ်ရင် ငြင်းနိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော် အသက် ၂၂ နှစ် ဒါမှမဟုတ် ၂၃ နှစ်တုန်းကပါ။ အဲဒီတုန်းက ကျွန်တော် ဒေါ့မွန်မှာ ကစားခဲ့တယ်။ ကျွန်တော်ပျော်ပါတယ်၊ ဒါပေမယ့် ယူနိုက်တက်က ထိပ်တန်းလိုပါပဲ" လို့ အသက် ၃၆ နှစ်အရွယ် ကစားသမားက ရှင်းပြပါတယ်။