
ဗီလာစတားကို ခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဂန္ထဝင်ဟောင်း ဒွိုက်ယော့ခ်
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဒွိုက်ယော့ခ်က အသင်းဟောင်းအနေနဲ့ အိုနာနာနေရာအတွက် မာတီနက်ဇ်ကို အစားထိုးခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ မာတီနက်ဇ်ဟာ တော့တင်ဟမ်ကို ၂-၀ နဲ့အနိုင်ရပြီးနောက် အိမ်ကွင်းပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တိုင်းသားရဲ့စိတ်ခံစားချက်တွေက ပေါက်ထွက်နေသလို အနာဂတ်အခြေအနေကလည်း မသေချာသေးတာဖြစ်ပါတယ်။ ဒီစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အခုအပတ်အစောပိုင်းတုန်းက ဘာစီလိုနာအသင်းဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အခုချိန်မှာလည်း ယော့ခ်က မာတီနက်ဇ်ကို ခေါ်ယူသင့်တယ်လို့ အာမိုရင် တိုက်တွန်းပြောကြားခဲ့ပြီး အိုနာနာထက် ပိုကောင်းတယ်လို့ ခံစားနေရပါတယ်။ “အဲ့တာက တကယ်ကောင်းတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်။ အီမီက နှစ်အတော်ကြာလက်စွမ်းကောင်းတွေပြသထားနိုင်ပါတယ်။ ဒါကြောင့် အသင်းတော်တော်များများက လိုချင်နေတယ်ဆိုတာကို ခင်ဗျားမြင်နိုင်ပါတယ်။ ယူနိုက်တက်ရုန်းကန်နေရတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့ ထိပ်တန်းအသင်းဖြစ်နေဆဲပါ။ ဂိုးသမားနေရာအတွက် အိုနာနာထက်ပိုကောင်းတဲ့ဂိုးသမားမျိုးခေါ်ယူနိုင်ဖို့ လိုအပ်ပါတယ်။
လက်ရှိအနေအထားအရလည်း အိုနာနာနဲ့အဆင်မပြေဘူးဆိုတာ ပြသနေပါတယ်။ သူအကောင်းဆုံးလုပ်ဆောင်နေတယ်ဆိုတာကို လူတိုင်းသိပါတယ်။ ဒါပေမယ့် သေချာတာက မာတီနက်ဇ်ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ယူနိုက်တက်အတွက် ပိုကောင်းလာနိုင်ပါတယ်”လို့ ယော့ခ်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ၂၀၂၄ - ၂၅ ရာသီကို ယူရိုပါလိဂ်ဖလားရယူပြီး အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။