The network connection is lost.

Banner Image

လူငယ်စတားကို ကြီးမားတဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ အားထားရတဲ့တောင်ပံကစားသမား ယာမဲလ်ကို မြင့်မားတဲ့တန်ကြေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စပိန်သတင်းဌာန မန်ဒိုက ဘာစီလိုနာဟာ အသက် ၁၇ နှစ်သားကို ၂၀၂၉ - ၃၀ အထိရှိစေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ယာမဲလ်ဟာ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် ဘာစီလိုနာရဲ့ထိပ်တန်းလုပ်ခလစာအများဆုံးတွေထဲကတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုကလည်း ယာမဲလ်ကို အသင်းမှာဆက်ထိန်းနိုင်ဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်။ ဘဏ္ဍာရေးအခက်အခဲရှိနေပေမယ့် အသင်းဘက်က VIP ခုံတွေကနေ ဝင်ငွေရရှိဖို့ ပြင်ဆင်နေပြီး အဆိုပါငွေကြေးနဲ့ စာချုပ်သစ် ၊ အပြောင်းအရွှေ့ကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

ယာမဲလ်ကလည်း အသင်းမှာပဲဆက်ရှိနေစေချင်နေပြီး လက်ရှိစွမ်းဆောင်ရည်တွေကြောင့် သူ့အနေနဲ့ ထိပ်တန်းလုပ်ခလစာရသင့်တယ်လို့ စပိန်သားဘက်က ထင်မြင်နေပါတယ်။
ဘာစီလိုနာအနေနဲ့ ယာမဲလ်ကို မြင့်မားတဲ့တန်ကြေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်ခဲ့ပေမယ့် ယခင်တုန်းက ဖီးလစ် နဲ့ ကန်ဆယ်လိုတို့ကို လုပ်ခလစာလျော့ယူစေခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ နဲ့ ယာမဲလ်ရဲ့အေးဂျင့် မန်ဒက်စ်တို့ကြား စာချုပ်သစ်ဆွေးနွေးနေပြီး နှုတ်အားဖြင့်သဘောတူညီမှုရယူနိုင်ဖို့ ပြင်ဆင်နေကာ မကြာခင်မှာ အပြီးသတ်သဘောတူညီမှုရမယ်လို့ ယုံကြည်နေပါတယ်။