The network connection is lost.

Banner Image

လက်ရှိဘာစီလိုနာဟာ သူတာဝန်ယူကိုင်တွယ်ခဲ့တဲ့ အတောအတွင်းမှာအကောင်းဆုံး အသင်းဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က ၎င်းရဲ့အသင်းဟာ ယနေ့နံနက်အစောပိုင်းက ချန်ပီယံလိဂ်လိဂ်အုပ်စုအဆင့်ပွဲစဉ် အဖြစ် အန့်တ်ဝက်ပ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၅-၀ နဲ့ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ပျော်ရွှင်မှုကိုဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ မိမိတာဝန်ယူကိုင်တွယ်ခဲ့တဲ့ အတောအတွင်းမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာ ဘာစီလိုနာအသင်းဟာ ၅-၀ နဲ့ နှစ်ပွဲဆက် အနိုင်ရရှိထားတာကြောင့် ဇာဗီကအသင်းရဲ့ ကောင်းမွန်တဲ့ ကစားပုံကိုအလွန်အားရကျေနပ်နေကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ၎င်းက "ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ဒီရလဒ်အတွက် အရမ်းပျော်ပါတယ်။ ဒါပေမယ့် ရလဒ်ထက် ကျွန်တော်တို့အသင်းရဲ့လက်ရှိ ကစားပုံနဲ့ အရည်အသွေးကို ပိုကျေနပ်ပါတယ်။ ဒီပွဲနဲ့ ပြီးခဲ့တဲ့ စနေနေ့က ဘက်တစ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာပြသခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်က ကျွန်တော် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အတောအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်မယ်လို့ထင်ပါတယ်။ ဒါက ကျွန်တော်တို့လျှောက်ချင်တဲ့ လမ်းပေါ်ရောက်လာတာပါ။ အသင်းက ကျွန်တော့်ကို ဂုဏ်ယူစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပရဲ့သေးငယ်တဲ့ အသင်းလေးတွေနဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေတာကြောင့် ခက်ခဲတဲ့ စမ်းသပ်မှုများနဲ့ ဝေးကွာစေနိုင်တယ်ဆိုတဲ့ ပရိသတ်‌တွေရဲ့သတိပေးမှုတွေကို ဇာဗီက ငြင်းဆိုခဲ့ပါတယ်။ ၎င်းက "ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေက ဒီလိုပါပဲ။ အခု ကျွန်တော်တို့မှာ ခက်ခဲတဲ့ ပွဲစဉ်အဖြစ် ပေါ်တိုနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို အုပ်စုပထမနဲ့တက်ချင်ပါတယ်။ ဒါကပဲ ကျွန်တော်တို့အတွက် အခက်ခဲဆုံးဖြစ်လာမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
 
လက်ရှိရလဒ်က ဘာစီလိုနာအတွက် ကောင်းမွန်တဲ့ချန်ပီယံလိဂ် စတင်မှုဖြစ်ပြီး နောက်ထပ်ပွဲစဉ်တွေမှာ ဇာဗီရဲ့အသင်းဟာ လာလီဂါပွဲစဉ်တွေအဖြစ် ဆယ်လ်တာဗီဂို၊ မာယော့ကာတို့နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။