The network connection is lost.

Banner Image

နိုင်ငံအသင်း ကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုလိုက်တဲ့ သောမက်စ်မူလာ

ဂျာမနီအသင်းဂန္ထဝင်တိုက်စစ်မှူး သောမက်စ်မူလာက ယူရို ၂၀၂၄ အပြီးမှာ နိုင်ငံအသင်း ကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုလိုက်ပါတယ်။ မူလာဟာ အဆိုပါသတင်းကို တနင်္လာနေ့တုန်းက အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကျွန်တော့်နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရတာကို အမြဲတမ်းဂုဏ်ယူမိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ဂျာမနီအသင်းအတွက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ပရိသတ်တစ်ဦးအနေနဲ့ ဆက်လက်အားပေးနေမှာပါ။ ကစားသမားအဖြစ်နဲ့တော့ ကွင်းထဲမှာ ဆက်မရှိနေနိုင်တော့ပါဘူး။ နှုတ်ဆက်ပါတယ်။ မကြာခင်မှာ ပြန်တွေ့ပါမယ်”လို့ မူလာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘိုင်ယန်စတားဟာ နိုင်ငံအသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားပေးထားပြီး ၄၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၄ နှစ်သားဟာ ယူရိုပြိုင်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ၂ ပွဲ ပါဝင်ခွင့်ရရှိခဲ့ပေမယ့် အသင်းကိုတော့ ချန်ပီယံဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။