
လာမယ့်နွေရာသီမှာ ဂျာမန်မြေကနေထွက်ခွာတော့မယ့် လေဗာကူဆင်နည်းပြ
လေဗာကူဆင်နည်းပြ ဇာဗီအလွန်ဆိုက သူ့အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပြီး ရီးရဲလ်အသင်းထံပြောင်းရွှေ့နိုင်ချေရှိနေတယ်လို့ သိရပါတယ်။ ဘာပေကိုခေါ်ယူခဲ့ပြီးနောက် ရီးရဲလ်အသင်းဟာ ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်လာခဲ့ပေမယ့် အခုရာသီမှာတော့ ဖလားလက်မဲ့ဖြစ်လာဖို့ အလားအလာများနေပါတယ်။
အဆိုပါအခြေအနေတွေကြောင့် အန်ဆယ်လော့တီ နဲ့ ရီးရဲလ်တို့ကြား လမ်းခွဲဖို့ အခြေအနေများနေပါတယ်။ သတင်းတွေကလည်း ရီးရဲလ်ဟာ အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့အစားထိုးဖွယ်ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။ အလွန်ဆို နဲ့ လေဗာကူဆင်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်ပြီး တကယ်လို့ ရီးရဲလ်ဘက်က ကမ်းလှမ်းလာရင် အလွန်ဆိုကို လက်လွှတ်ပေးရမယ်ဆိုတဲ့ ထူးရှယ်အချက်ရှိထားတာဖြစ်ပါတယ်။
အလွန်ဆို နဲ့ ရီးရဲလ်တို့ကြား ဆွေးနွေးမှုတွေက ဆက်လုပ်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကျန်နေသေးတာဖြစ်ပါတယ်။ စကိုင်းပြင်သစ်သတင်းတွေအရ အလွန်ဆိုဟာ ရီးရဲလ်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ စပိန်သားအနေနဲ့ အခုနွေရာသီမှာ ရီးရဲလ်ကိုပြောင်းလာဖွယ်ရှိနေပေမယ့် အသင်းအတွင်းမှာ ကစားသမားမညီမျှမှုကိုလည်း ကိုင်တွယ်ရဦးမှာဖြစ်ပါတယ်။