မန်စီးတီးနှင့်ပတ်သက်ပြီး ဝန်ခံမှုပြုလုပ်လိုက်တဲ့ ရိုဒရီ
မန်စီးတီးရဲ့ မတည်မငြိမ်ဖြစ်နေခြင်းနဲ့ပတ်သက်ပြီး အသင်းတစ်ခုလုံးကို ဖုံးကွယ်ထားခြင်းမရှိကြောင်း သေချာစေရန်အတွက်ခံစစ်ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် စည်းကမ်းလိုက်နာရန် အရေးကြီးကြောင်း အလေးပေးပြောကြားလိုက်ပါတယ်။
ဘော်လွန်းဒီအော်ဆုရှင်ဟာ ACL ဒဏ်ရာရရှိပြီးနောက် တစ်ရာသီလုံး အနားယူရဖို့ရှိနေတာဖြစ်ပြီး ပြန်လည်သက်သာဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မန်စီးတီးဟာ နိုဝင်ဘာလတစ်လျှောက်လုံး နိုင်ပွဲမရှိခဲ့ဘဲ တော့တင်ဟမ်ကို ရှုံးနိမ့်ကာ လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရသလို တနင်္ဂနွေနေ့ လီဗာပူးနှင့်ပွဲမှာ ရှုံးနိမ့်ပါက ၁၁ မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့က လိဂ်ဖလားပွဲမှာ တော့တင်ဟမ်ကို ၄-၀ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသလို ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဖီယင်နုနှင့် ချန်ပီယံလိဂ်ပွဲမှာလည်း ၃-၀ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီးမှာ ချေပဂိုးများပေးလိုက်ရကာ သရေဖြင့်သာ ပွဲပြီးဆုံးခဲ့ပါတယ်။
မန်စီးတီးဟာ နောက်ဆုံးလေးပွဲတွင် ၁၃ ဂိုး သွင်းနိုင်ခဲ့ပြီး ဂွါဒီယိုလာကလည်း ရိုဒရီရဲ့နေရာကိုအစားထိုးနိုင်ဖို့ အဖြေကိုရှာရန် ရုန်းကန်နေပေါတယ်။ကစားသမားကိုယ်တိုင်က ကွင်းလယ်ခံစစ်မှာ ထိရောက်ပြီး အကောင်းဆုံးဖြစ်ဖို့ ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို အလေးပေးထားပြောထားပါတယ်။
ရိုဒရီက "မန်စီးတီးရှိ ပထမနှစ်တုန်းက ကျွန်တော် အများကြီး ရှေ့သို့ တက်ခဲ့ပါတယ်။ တစ်ခါတလေ ကောင်းပါတယ် အကြိမ်ရေ အများကြီးတော့ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က မင်းကို ဝိုင်းကစားရင် အသင်းက ကိုယ်လုံးတီးကြီးလို ဖြစ်နေလို့ပါ"
"ကျွန်တော့်ရဲ့ပထမနှစ်မှာ နည်းပြတွေက ဘာလို့ရှေ့ကို တက်တာလည်း ဒီနေရာကို မင်း ကာကွယ်ရမှာမဟုတ်ဘူးလား တစ်ခုခုတိုးတက်ဖို့အတွက်ဆိုရင် ဘယ်ကိုသွားရမယ် ဘယ်မှာနေရလဲဆိုတာ သုံးသပ်ရမယ်လို့ ပြောခဲ့ပါတယ်" "အဲ့ဒီနေရာကို ဆုံးရှုံးလိုက်တဲ့အခါ အသင်းရဲ့ပိုင်ဆိုင်မှုတွေကို ပေးလိုက်ရပြီး သွင်းဂိုးအများစုဟာလည်း ဗဟိုဧရိယာကနေ လာတာဖြစ်ပါတယ်။ မင်းရှိနေမယ်ဆိုရင် ပြိုင်ဘက်တွေအတွက် ပိုခက်ခဲစေပါတယ်" လို့ ပြောပါတယ်။
ကိုဗာဆစ်၊ ရီကိုလူးဝစ်၊ မက်သီးယက်စ်နူနက် နှင့် ဂန်ဒိုဂန်တို့ကို ဗဟိုကွင်းလယ်တွင် အသုံးပြုခဲ့သော်လည်း အားလုံးကကတော့ ရိုဒရီရဲ့ ကွက်လပ်ကို အစားထိုးနိုင်ရန် ရုန်းကန်နေကြရပါတယ်။ ခြေသလုံးကြွက်သားဒဏ်ရာရရှိနေတဲ့ ရူဘင်ဒီးယက်စ် မရှိတော့တာကလည်း မန်စီးတီးရဲ့ခံစစ်ကို ထိခိုက်စေခဲ့ပါတယ်။ ဖီယင်နုနှင့်ပွဲမှာ ဒီယက်စ်က အသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့သော်လည်း မကစားခဲ့ရတဲ့ အရန်ကစားသမားအဖြစ်သာ ရှိခဲ့ပါတယ်။
ကွင်းထဲပြန်ရောက်တာနဲ့ ဘယ်လိုတိုးတက်ချင်လဲလို့ မေးတော့ အသက် ၂၈ နှစ်အရွယ် ကစားသမားက "ပိုကောင်းလာဖို့ပါပဲ။ စိတ်အားထက်သန်မှုနည်းတာကလည်း နေ့တိုင်းမှာ ပိုကောင်းတဲ့ ခေါင်းဆောင်ဖြစ်စေပါတယ်" "ဂိုးဧရိယာကတော့ ကျွန်တော် အာရုံစိုက်ထားတဲ့ အရာတစ်ခုပါပဲ။ ဂိုးဖန်တီးမှုမှာ ပါဝင်ဖို့ပါပဲ။ ပင်ပန်းနေတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း ထိန်းရမှာဖြစ်ပြီး အရမ်းမလှုပ်ရှားဘဲနဲ့ နေနိုင်အောင်ကြိုးစားရမှာပါ" လို့ ပြောပါတယ်။