The network connection is lost.

Banner Image

လီဗာပူးအတွက် နှုတ်ဆက်ပွဲမှာ ယူနိုက်တက်၊ မန်စီးတီးနှင့် ချဲလ်ဆီးတို့အကြောင်း ပြောကြားခဲ့တဲ့ ကလော့ပ်

အန်ဖီးလ်မှာရှိခဲ့တဲ့ ၉ နှစ်တာ ကာလကို အဆုံးသတ်ပြီးနောက် ၂၀၂၃-၂၄ ရာသီအပြီးမှာတော့ ဂျာမန်သားဟာ လီဗာပူးနည်းပြရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးပရိသတ်ဖြစ်တဲ့ ဂျွန်ဘစ်ရှော့က အစီစဉ်တင်ဆက်သူအဖြစ်လုပ်တဲ့ M&S Bank Arena က ပွဲမတိုင်မီ မေလ ၁၉ ရက်နေ့က သူ့ရဲ့နောက်ဆုံးပွဲတွင် ဝုဗ်ကို ၂-၀ ဂိုးဖြင့်  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

VAR နှင့် ၁၂ နာရီခွဲမှာ ကစားရတဲ့ ပွဲစဉ်များ အပါအဝင် အကြောင်းအရာတော်တော်များများကို ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပြီး မန်စီးတီးအကြောင်းတော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ မန်စီးတီးက ဆွဲချက် ၁၁၅ ခုကြောင့် ပြစ်ဒဏ်ချခံရပါက ပရီးမီးယားလိဂ်ဆုဖလား ၂ လုံးကို လီဗာပူးက ရရှိနိုင်တယ်လို့ ဘစ်ရှော့ရဲ့ပြောကြားချက်ကို ကလော့ပ်က "ခင်များက ဘတ်စ်ကားနဲ့ လှည့်ပြီးအောင်ပွဲခံဖို့ စီစဉ်မယ်ဆိုရင် ကျွန်တော် လိုက်မှာပါ အချိန်ဘယ်လောက်ကြာကြာ ကျွန်တော် ဂရုစိုက်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

ကလော့ပ်ရဲ့ ပြိုင်ဘက် မန်စီးတီး တစ်သင်းတည်းမဟုတ်ဘဲ ယူနိုက်တက်ရဲ့ ဆန်ချိုအား ခေါ်ယူခဲ့မှုအပေါ် ပြောကြားလိုက်ပါတယ်။ "တစ်ကမ္ဘာလုံးက ကစားသမားအပေါ် ယုံကြည်ချက် ပျောက်ဆုံးသွားပြီဆိုရင် နည်းပြက ကစားသမားရဲ့နောက်ကနေ ရပ်တည်ပေးရမှာပါ" လို့ သူ့ရဲ့ကစားသမားစီမံခန့်ခွဲမှုအကြောင်းကို ဆွေးနွေးလိုက်ပါတယ်။ "ကစားသမားတစ်ဦးကို ပေါင်သန်း ၈၀ လောက်နဲ့ဝယ်ပြီး အငှားပြန်ချတဲ့ အခြားကလပ်တွေလို အသုံးမဝင်မယ့် ကစားသမားကို ကျွန်တော်ဝယ်မှာမဟုတ်ပါဘူး" လို့ ယူနိုက်တက်ရဲ့ ဆန်ချိုအားဝယ်ယူပြီး ဒေါ့မွန်ထံ အငှားပြန်ချတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

လီဗာပူးရဲ့ FSG ပိုင်ရှင်တွေကို ကာကွယ်ပေးဖို့ ကလော့ပ်က ပြောကြားခဲ့ပြီး နည်းပြပိုချက်တီနိုကို အံ့ဩဖွယ် ထုတ်ပယ်လိုက်တဲ့ တော့ဘိုလေနှင့် ချဲလ်ဆီးတို့ရဲ့လက်အောက်မှာအလုပ်လုပ်ရတာထက် ပိုကောင်းကြောင်း ပြောလိုက်ပါတယ်။

"ပိုင်ရှင်ကတော့ ပိုင်ရှင်လိုလုပ်မှာပါ။ ပိုက်ဆံရှာချင်တာကိုတော့ အံ့ဩမိပါတယ်" "ဒါဟာ နေ့စဉ်ပိုက်ဆံရှာနေတဲ့အလုပ်မဟုတ်ပါဘူး။ ကမ္ဘာကြီးလှုပ်ရှားနေတဲ့အပေါ် သူတို့တွေက ရင်းနှီးမြှပ်နှံနေတာပါ" "လန်ဒန်ကလပ်တွေကို ဝယ်ခဲ့သူတွေလိုမဟုတ်ဘဲ ဒီလိုပိုင်ရှင်တွေရှိတဲ့အပေါ် ကျွန်တော် ပျော်ရမှာပါ"  "နောက်ဆုံးမှာ ချဲလ်ဆီးရဲ့ကစားပုံက ကောင်းမွန်လာခဲ့ပြီး အားလုံးက ပြန်လာမယ်လို့ထင်ခဲ့ကြတာပါ။ အဲ့ဒီနောက် သူတို့က နည်းပြကို ထုယ်ပယ်ခဲ့ပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။