The network connection is lost.

Banner Image

လီဗာပူးရဲ့အဓိကပြဿနာတစ်ခုအကြောင်း ရှင်းပြရင်း မိုဆာလက်ကို ထပ်မံဝေဖန်လိုက်တဲ့ ဝိန်းရွန်းနီ

ဝိန်းရွန်းနီက လီဗာပူးတိုက်စစ်မှူးမိုဆာလက်ကို အသင်းစွမ်းဆောင်ရည်ပိုင်းကျဆင်းနေချိန် ခံစစ်ပိုင်းအတွက် လုံလုံလောက်လောက်မကူညီပေးသူအဖြစ် စွပ်စွဲပြောဆိုလိုက်ပါတယ်။ ကြိုးကြာနီတွေက တနင်္ဂနွေနေ့၊ မန်စီးတီးကို အရေးနိမ့်ပြီးနောက် အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ငါးကြိမ်မြောက်အရေးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါ့အပြင် သူတို့တွေက ပြိုင်ပွဲစုံအားဖြင့်လည်း နောက်ဆုံး ၁၀ ပွဲမှာ ခုနှစ်ပွဲအထိ ရှုံးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲလမ်းကြောင်းမှ ထွက်ခွာလာခဲ့ပါတယ်။

တဖက်မှာလည်း မိုဆာလက်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အခုဘောလုံးရာသီမှာတော့ ဂိုးတွေသွင်းယူနိုင်ရေး ရုန်းကန်နေရပါတယ်။ အီဂျစ်ကြယ်ပွင့်က အခုဘောလုံးရာသီမှာ လေးဂိုးသာ သွင်းယူထားပြီး ခံစစ်ပိုင်းတာဝန်အချို့နဲ့လည်း ကင်းလွတ်နေပုံရပါတယ်။

ဒါကြောင့်ပဲ လီဗာပူးညာနောက်ခံလူဘရက်ဒလေက အီတီဟတ်နေ့လည်ခင်းမှာ မန်စီးတီးကြယ်ပွင့်ဒိုကူနဲ့ ရင်ဆိုင်ရချိန် ဖရိုဖရဲအခြေအနေဖြစ်သွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ အံ့ဖွယ်သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံသားက ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး ဝိန်းရွန်းနီကတော့ ဒိုကူကိုထိန်းချုပ်ရာမှာ ဘရက်ဒလေအတွက် အခုထက်ပိုပြီး အကူအညီရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။

ရွန်းနီက “ မိုဆာလက်ဟာ အသင်းအတွက် ပင်တိုင်သွင်းဂိုးရှင်နဲ့ ပင်တိုင်ဂိုးဖန်တီးပေးသူ ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲကြီးတွေမှာဆိုရင် အခုထက်ပိုပြီး နှစ်ဆတိုးကစားဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့အသင်းဖော်ကို ကူညီပေးနိုင်ဖို့ ကိုယ့်အသင်းခံစစ်ပိုင်းဆီ ပြန်ဆင်းပေးရပါမယ်။ ထီးထီးကြီးကျန်နေခဲ့တဲ့ ဘရက်ဒလေအတွက်တော့ အတော်လေးခက်ခဲတဲ့နေ့ရက်တစ်ခုဖြစ်ပြီး သူ့ကိုကူညီပေးဖို့ ဂရာဗန်ဘတ်ချ် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဂရာဗန်ဘတ်ချ်နောက်မှာ နေရာလွတ်တွေ ကျန်နေခဲ့ပါတယ်။ မိုဆာလက်အနေနဲ့ ခံစစ်ဆီပြန်ဆင်းပြီး အသင်းဖော်ကိုကူညီပေးရမယ်လို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။