The network connection is lost.

Banner Image

မန်စီးတီးအသင်းရဲ့ ပုံမှမဟုတ်တဲ့ နောက်ကျကြေးကောက်ခံမှုအကြောင်း ပြောပြာလာတဲ့ ဝေါ်လ်ကာ

မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာ ကစားသမားတွေကို နောက်ကျကြေး ဘယ်လိုမျိုး ကောက်ခံတယ်ဆိုတာ ပြောပြလာခဲ့ပါတယ်။

ယခုအပတ်တွေအတွင်း ပရီးမီးယားလိဂ်အသင်းတွေမှာ အချိန်နောက်ကျတဲ့ပြဿနာတွေရှိနေပြီး ယူနိုက်တက်မှာဆိုရင် ဆန်ချိုနဲ့ နည်းပြတန်ဟတ်ကြား ပြဿနာတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျတာ၊ အသင်းအစည်းအဝေးကို နောက်ကျတာတွေအပေါ် အသင်းအားလုံးနီးပါးက တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပေမယ့် မန်စီးတီးမှာတော့ အခြားအသင်းတွေနဲ့ မတူညီတဲ့ ဒဏ်ရိုက်မှုမျိုးရှိနေကြောင်း ဝေါ်လ်ကာ ပြောပြာခဲ့ပါတယ်။

ဝေါ်လ်ကာက "မန်စီးတီးမှာ နောက်ကျကြေးကောက်တာမျိုးတော့ မရှိပါဘူး။ တကယ်လို့ အသင်းအစည်းအဝေးကို ၁၀မိနစ် နောက်ကျတယ်ဆိုရင် နောက်ကျတဲ့သူက နေ့လည်စာကျွေးရပါမယ်။ နေ့လည်စာအတွက် လာရောက်ကောက်ခံလေ့ရှိတာကတော့ ရူဘင်ဒီယက်စ်နဲ့ ရိုဒရီတို့ပါပဲ"လို့ ပြောခဲ့ပါတယ်။

ယခင်ကတော့ မာရက်ဇ်ဟာ လေ့ကျင့်ရေးကွင်းကို နောက်ကျခဲ့တဲ့အတွက် အသင်းတစ်သင်းလုံးရဲ့ နေ့လည်စာကို ကျခံခဲ့ရလို့ နာမည်ကြီးခဲ့ပါသေးတယ်။ မကြာသေးခင်ကမှ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တိုးလိုက်တဲ့ ဝေါ်လ်ကာဟာ ဒီဘရိုင်း၊ ရိုဒရီ၊ ဒီယက်စ်၊ ဘာနာဒိုဆေးလ်ဗာတို့နဲ့အတူ စီးတီးရဲ့အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ရှိနေပါတယ်။