The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်အတွက် အသင့်တော်ဆုံးကစားသမားအဖြစ် လူးဝစ်ဒီယက်ဇ်ကို ချီးကျူးလိုက်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဗင်ဆင့်ကွန်ပနီက  ကစားသမားသစ် လူးဝစ်ဒီယက်ဇ်ဟာ ရာသီသစ်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အသင့်တော်ဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းကနေ ယူရို ၇၅ သန်းနဲ့ ဘိုင်ယန်အသင်းကို ပြောင်းရွှေ့လာတဲ့ ကိုလံဘီယာတောင်ပံကစားသမားဟာ ရာသီကြိုပြင်ဆင်မှုတွေအတွင်းမှာ ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကြောင့် နည်းပြကွန်ပနီကို အထင်ကြီးစေခဲ့တာဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ စပါးအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်ရဲ့ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့ပြီး ၇၆ မိနစ်အထိ ကစားခဲ့ပါတယ်။ ဒီယက်ဇ်ရဲ့ စဉ်ဆက်မပြတ်ဖိအားပေးကစားနိုင်မှုနဲ့ ထက်မြက်တဲ့စွမ်းဆောင်ရည်တွေဟာ သူ့ရဲ့အသင်းဖော်အသစ်တွေထက် သာလွန်တဲ့ကြံ့ခိုင်မှုအခြေအနေကို ပြသခဲ့ပါတယ်။ ကွန်ပနီကတော့ ဒီယက်ဇ်ရဲ့ အခုလိုကြံ့ခိုင်မှုအခြေအနေကောင်းမွန်နေတာဟာ လီဗာပူးအသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေကို စောစီးစွာစတင်နိုင်ခဲ့တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။ 

"သူက ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ အသင့်တော်ဆုံးကစားသမားပါ။ လီဗာပူးမှာ သူအရမ်းကောင်းတဲ့ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ထက် ၃ ပတ်လောက်စောပြီး လေ့ကျင့်ခန်းစလုပ်ခဲ့တာပါ" လို့ ဘယ်လ်ဂျီယံနည်းပြက ရှင်းပြခဲ့ပါတယ်။ လီဗာပူးအသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခြင်းမရှိတာကြောင့် ဒီယက်ဇ်ဟာ လေ့ကျင့်ရေးကို စောစီးစွာပြန်လည်စတင်နိုင်ခဲ့ပြီး ဒီအတွက်လည်း ဘိုင်ယန်ကစားသမားအများစုထက် ကြံ့ခိုင်မှုပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုအားသာချက်တွေကြောင့် အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ရာသီအဖွင့်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်ပါတယ်။