The network connection is lost.

Banner Image

ယိုရိုပွဲထွက်တဲ့ပွဲစဉ်မှာ အာမက်၊ ဟူဂေးလ်တို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ မနေ့ညက ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ရိန်းဂျားစ်နဲ့ ရင်ဆိုင်ကစားခဲ့ရာမှာ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နည်းပြတန်ဟတ်က ခံစစ်မှူးသစ် ယိုရိုကို ထည့်ကစားခဲ့သလို ယမန်နှစ်ရာသီက ပြဿနာဖြစ်ပွားခဲ့တဲ့ ဆန်ချိုကိုလည်း ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ယိုရိုဟာ အဆိုပါပွဲစဉ်အတွင်း ခြေစွမ်းပြနိုင်ခဲ့ပြီး ရိန်းဂျားစ်ရဲ့အပိုင်ထိုးဖောက်မှုတစ်ကြိမ်ကို အကောင်းဆုံး ကာကွယ်သွားခဲ့ပါတယ်။၃၉မိနစ်မှာ ရိန်းဂျားစ်ကစားသမားဟောင်း အာမက်က တကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်ကန်သွင်းကာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တန်ဟတ်က ဂိုးသမားအိုနာနာကလွဲရင် ကစားသမားအားလုံးကို အပြောင်းအလဲလုပ်ကာ ကစားခဲ့ပါတယ်။ ပွဲချိန်မိနစ်၇၀မှာတော့ လူငယ်တိုက်စစ်မှူး ဟူဂေးလ်က ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ ယူနိုက်တက်အတွက် ဒုတိယဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၈ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်နဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။