ဘရာဇီးလက်ရွေးစင်ကစားသမားကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် စိတ်အားထက်သန်နေတဲ့ ယူနိုက်တက်
မိုနာကိုကြယ်ပွင့် ဝမ်ဘစ်ဆာကာရဲ့နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်တွေထဲက တစ်ခုအဖြစ် ယူနိုက်တက် သတ်မှတ်ထားတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
ဝမ်ဘစ်ဆာကာဟာ လက်ရှိစာချုပ်သက်တမ်းရဲ့ နောက်ဆုံး ၁၂ လသို့ ရောက်ရှိနေပြီး မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထွက်ခွာရန် ချိတ်ဆက်မှုများ ရှိနေသောကြောင့် ယူနိုက်တက်ဟာ အဆိုပါ နေရာကို ဖြည့်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာ ထွက်ခွာပါက ယူနိုက်တက်ဟာ ကစားအားကြောင့် လူသိများတဲ့ အသက် ၂၃ နှစ်အရွယ် ဗန်ဒါဆန်ကို ခေါ်ယူလိုနေပြီး သူကတော့ တန်ဟက်ရဲ့အသင်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးမယ့်သူဖြစ်ပါတယ်။
"ဗန်ဒါဆန်ဟာ အရပ် ၆ ပေ သာသာရှိတဲ့ ညာနောက်ခံလူဖြစ်ပြီး နောက်တန်းအတွက် အတော်လေးထူးခြားပါတယ်"
"သူ့မှာ ကောင်းမွန်တဲ့အရှိန်အဟုန်၊ ကစားအားထက်သန်မှု၊ တက်ကြွမှု၊ နည်းစနစ်ကျွမ်းကျင်မှုနှင့် ရင်သပ်ရှုမောဖွယ်စွမ်းအင်ကို ပိုင်ဆိုင်ထားပါတယ်""ဗန်ဒါဆန်က ခေတ်သစ်ရဲ့ နောက်ခံလူတစ်ဦးဖြစ်ပြီး တတ်နိုင်သလောက် ရှေ့တန်းတက်ပြီး ကစားရတာကို ကြိုက်တဲ့သူဖြစ်ပါတယ်" "သူ့ကို မိုနာကိုမှာ နောက်တန်းရဲ့နေရာစုံမှာ အသုံးပြုခဲ့ပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့ရဲ့ကစားပုံအပေါ် အများကြီးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး"
"ဗန်ဒါဆန်ဟာ သူ့ရဲ့ တိုက်စစ်ဆင်နိုင်စွမ်း၊ စွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကြောင့် ကျော်ကြားပါတယ်။ ဒါပေမယ့် သူ့ရဲ့ အရှိန်အဟုန်က အထင်ရှားဆုံးပါပဲ။ ဘရာဇီးသားက ပြိုင်ဘက်ရဲ့ လမ်းကြောင်းကို အဆက်မပြတ် ဖြတ်ကျော်သွားသလို မကြောက်မရွံ့ကစားနိုင်သူ ဖြစ်ပါတယ်" "ဗန်ဒါဆန်က သူတို့ကို ဘောလုံးမပါဘဲ အနိုင်ယူနိုင်တဲ့ ပြိုင်ဘက်တွေအတွက် အရေးပါတဲ့ ပြဿနာတစ်ခု ဖြစ်စေပါတယ်။ ဘောလုံးနဲ့အတူ သူ့ရဲ့ နည်းစနစ်က ကောင်းမွန်ပြီး အရှိန်အဟုန်နဲ့ ပြေးလွှားနိုင်မှုကလည်း အံ့မခန်းပါပဲ" လို့ ထိပ်တန်းဘောလုံးကင်းထောက် အန်တိုနီယိုမန်ဂိုက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပါတယ်။
ဗန်ဒါဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်က ချိတ်ဆက်နေပြီး ဒါဟာ သူ့ကိုခေါ်ယူဖို့ နွေရာသီနှစ်ခုဆက်တိုက် ချိတ်ဆက်ခြင်းလည်း ဖြစ်ပါတယ်။ ဗန်ဒါဆန်ဟာ ပေါင်သန်း ၃၀ တန်ကြေးရှိတယ်လို့ Give Me Sport က ဖော်ပြသော်လည်း မိုနာကိုကတော့ လုံးဝရောင်းချရန် ဖိအားမရှိတာကြောင့် ဈေးများများနှင့် ကိုင်ထားနိုင်တာဖြစ်ပါတယ်။
ဘရာဇီးသားဟာ မိုနာကိုနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိတာဖြစ်ပြီး လက်ရှိစာချုပ်တွင် စာချုပ်ဖျက်သိမ်းခ မပါရှိတာကြောင့် လီဂူးဝမ်းအသင်းက မြင့်မားသောစျေးနှုန်းကို သတ်မှတ်နိုင်တာဖြစ်ပါတယ်။ Transfermarkt ရဲ့အဆိုအရ ဗန်ဒါဆန်ရဲ့ စျေးကွက်တန်ဖိုးဟာ လက်ရှိတွင် ယူရိုသန်း ၂၀ (ပေါင် ၁၆.၈ သန်း) ရှိပါတယ်။ ဒါပေမယ့် သူ့ကိုခေါ်ယူဖို့ အဆိုပါငွေကြေးထက် အများကြီး ပိုကုန်ကျနိုင်ဖွယ် ရှိနေပါတယ်။