The network connection is lost.

Banner Image

နွေရာသီမှာ ဖာဂူဆန်ကို ပေါင်သန်း၅၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ယူနိုက်တက်

ယူနိုက်တက် အသင်းဟာ ဘရိုက်တန်တိုက်စစ်မှူး ဖာဂူဆန် ကို ပေါင်သန်း ၅၀ နဲ့ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

ယခုလအစောပိုင်းတွင် အတ္တလန်တာမှ အသက် ၂၀ နှစ်အရွယ် ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းကို ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ဖာဂူဆန်အား ခေါ်ယူရန် စိတ်ဝင်စားနေသေးကြောင်း သတင်းများက ထွက်ရှိနေဆဲဖြစ်ပါတယ်။

မေးလ်သတင်းဌာနက ဖော်ပြချက်အရ ယူနိုက်တက်သည် လာမည့်အပြောင်းအရွှေ့ကာလ နှစ်ခုအတွင်း ဖာဂူဆန်အား ရွေးချယ်မှုတစ်ခုအဖြစ် ရှုမြင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

“ယူနိုက်တက်ဟာ ဖာဂူဆန်ရဲ့တိုးတက်မှုကို စောင့်ကြည့်နေပေမယ့် ကစားသမား ဒါဇင်နဲ့ချီတဲ့ ကစားသမားတွေကိုလည်း ဒီလိုပဲ ပြောနိုင်ပါတယ်။ သူတို့က ပရီးမီးယားလိဂ်ရဲ့ ကျန်တဲ့အပိုင်းတွေမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်တဲ့ အပြောင်းအရွှေ့ရာသီ နှစ်ခုအတွက် ကြိုတင်ပြီး စီစဉ်တာတွေကို လုပ်ဆောင်နေပါပြီ။ ကစားသမားနေရာတစ်ခုစီအတွက် သူတို့ ကင်းထောက်တွေရဲ့ စာရင်းမှာ ကစားသမား သုံးယောက်နဲ့အထက် ရှိပြီးသားပါ"ဟု ဖော်ပြခဲ့ပါတယ်။
သို့သော်လည်း ESPN သတင်းထောက် ဒေါ်လ်ဆင်က  ယူနိုက်တက်သည် နွေရာသီတွင် အသက် ၁၈ နှစ်အရွယ် ကစားသမားအား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဘရိုက်တန်အား ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဖာဂူဆန်သည် ယခုရာသီတွင် လူတန်တောင်းနှင့် ကစားခဲ့သော ပွဲစဉ်၌ ဂိုးသွင်းနိုင်ခဲ့ပြီး နယူးကာဆယ်လ်ကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ၎င်း၏တိုးတက်လာသော ခြေစွမ်းနှင့်အတူ ပြောင်းရွှေ့ကြေးလည်း ကြီးထွားလာမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ဂန္တဝင် ကစားသမားဟောင်းဖြစ်သူ အလန်ရှီးယားက အဆိုပါ အိုင်ယာလန်သားနှင့် ပက်သက်ပြီး  ထူးခြားသော အရည်အချင်းများ ပိုင်ဆိုင်ထားသော ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလန်ရှီးယားက "ကျွန်တော် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာခဲ့ပြီး သူ့မှာ ကြီးမားတဲ့ ဖြစ်နိုင်ချေရှိတာကိုမြင်မိပါတယ်။ နှစ်အနည်းငယ်အတွင်း စူပါစတား ဖြစ်လာနိုင်တဲ့ ထူးထူးခြားခြား အရည်အချင်းရှိသူ တစ်ယောက်အကြောင်း ပြောနေတာပါ။ သူ့ရဲ့လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် တိုးတက်မှုတွေကို ရှောင်လွှဲလို့မရပါဘူး။ ယူနိုက်တက်က သူ့ကိုစောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာပါတာလည်း အံ့သြစရာမရှိပါဘူး။ သူတို့မပါရင်တောင် ပိုအံ့သြမိပါလိမ့်မယ်။ သူ လုပ်နေတဲ့ ပုံစံအတိုင်း ဆက်ပြီး တိုးတက်နေမယ်ဆိုရင် ဖာဂူဆန်က ဘရိုက်တန်အတွက် နောက်ထပ် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို ရှာပေးနိုင်တာ အဆန်းတော့မဟုတ်ပါဘူး။ သူ့အတွက် သတ်မှတ်လိုက်တဲ့ ဈေးနှုးန်ကလည်း မှန်ကန်တဲ့စျေးနှုန်းပါပဲ၊ ဟုတ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။