The network connection is lost.

Banner Image

လုခ်ရှောနေရာမှာ အစားထိုးမယ့် ကစားသမားတောင်းဆိုနေကြတဲ့ ယူနိုက်တက်ပရိသတ်များ

တနင်္ဂနွေနေ့တုန်းက ဗီလာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လုခ်ရှောကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူစားလဲခဲ့သလို အခုလူတန်တောင်းနဲ့ ပွဲမှာတော့ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားဟာ ပထမပိုင်းမပြီးခင်မှာပဲ လင်ဒီလော့ဖ်နဲ့ထပ်မံလူစားလဲခဲ့ရပြီး အရန်ခုံထက် ဥမင်ထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။
 
အဆိုပါဖြစ်ရပ်အပြီးမှာ ပရိသတ်တွေက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “လုခ်ရှောထပ်လူစားအလဲခံရပြန်ပြီလား”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “သူ့ကိုဘောလုံးသမားတစ်ဦး အနေနဲ့ကော လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ပါ ချစ်ပါတယ်။ ဒါပေမယ့် လုခ်ရှောနေရာကို အစားထိုးမယ့်သူလိုအပ်နေပါပြီ”လို့ ရေးသားခဲ့ပါတယ်။
 
နောက်ထပ်တစ်ယောက်ကလည်း “လုခ်ရှောတစ်ယောက် ဘာတွေမှားနေတာလဲ”လို့ ရေးသားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရှောမပါနိုင်ခဲ့ပေမယ့် လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တန်ဟက်ကတော့ ပွဲအပြီးမှာ အင်္ဂလန်သားတစ်ယောက် ဒဏ်ရာရခဲ့လားဆိုတာ အတည်မပြုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်မပြောနိုင်သေးပါဘူး။ မနက်ဖြန်အထိ ဘာဖြစ်နေလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ရှင်းလင်းနေတာက သူကွင်းထဲကထွက်သွားချိန်မှာ အခြေအနေမကောင်းပါဘူး”လို့ နယ်သာလန်သားနည်းပြက ပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ရာသီတုန်းက ရှောဟာ ယူနိုက်တက်ရဲ့အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အသင်းကိုအမှတ်ပေးဇယားအဆင့် ၃ နေရာအပြင် ကာရာဘောင်ဖလား ရယူနိုင်ခဲ့ရာမှာ အဓိက ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ - ၂၄ ရာသီမှာတော့ ရှောတစ်ယောက် ၁၄ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပါတယ်။
 
ရှောအခြေအနေက သေချာမသိရသေးတာကြောင့် အခြေအနေစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ အရေးပါတဲ့အနေအထားကိုရောက်လာတာကြောင့် အင်္ဂလန်သားအလျင်အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်နေပြီး လာမယ့်ဖေဖော်ဝါရီ ၂၄ မှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။