The network connection is lost.

Banner Image

ရာသီကြိုပွဲစဉ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သော်လည်း ကျေနပ်မှုရှိနေတဲ့ ယူနိုက်တက်နည်းပြ တန်ဟက်

ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်ဟာ အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အသင်းရဲ့ကို ကျေနပ်ကြောင်း နည်းပြတန်ဟက်က ပြောကြားလိုက်ပါတယ်။

ဆိုဖီကွင်းကြီးမှာ ယူနိုက်တက်ဟာပွဲကို စိုးမိုနိုင်ခဲ့သလို ဟွိုက်လန်းရဲ့သွင်းဂိုးဖြင့် ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဂျီးဆပ်က ချေပဂိုး သွင်းယူခဲ့သလို မာတင်နယ်လီက အာတီတာရဲ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် အာဆင်နယ်တို့ အနိုင်ရရှိခဲ့ပါတယ်။ သို့သော်လည်း နှစ်သင်းစလုံးဟာ ပွဲအပြီးမှာ ပင်နယ်တီကန်သွင်းဖို့အတွက် စီစဉ်ထားခဲ့ပြီး ထိုအချိန်မှာတော့ ယူနိုက်တက်က အာဆင်နယ်ကို အနိုင်ရရှိခဲ့ပါတယ်။

ကလပ်ရဲ့မီဒီယာသို့ တန်ဟက်က "နှစ်ဖက်စလုံးကကြည့်မယ်ဆိုရင် ရာသီကြိုတတိယရက်သတ္တပတ်အတွက် ဒီပွဲစဉ်က အရမ်းကိုကောင်းတဲ့ ပွဲတစ်ပွဲပါ။ ပထမပိုင်းမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အရမ်းကိုလှပတဲ့ဂိုးကို သွင်းယူနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်ကနေ ဟွိုက်လန်းထံ အရမ်းကောင်းတဲ့ ပေးပိုမှု လုပ်နိုင်ခဲ့သလို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကိုတော့ ကျွန်တော် အရမ်းသဘောကျပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က အခွင့်အရေးကောင်းတွေကို ဖန်တီးနိုင်ခဲ့ပြီး လူကျွံနေတဲ့ဂိုးကြီးကို ကျွန်တော်တို့က ပေးလိုက်ရလို့သာ ရှုံးနိမ့်ခဲ့ရတာပါ" လို့ ပြောပါတယ်။

ပင်နယ်တီကန်သွင်းမှုနှင့် ပတ်သက်ပြီး "ဒါက အရမ်းကိုအရေးကြီးပါတယ်။ ဒါတွေကို ဖလားပွဲစဉ်တွေမှာ ကျွန်တော်တို့ ကောင်းကောင်းကြီးသိခဲ့ပြီးပါပြီ။ အိုနာနာက အရမ်းကောင်းတဲ့ ကာကွယ်မှု ၂ ကြိမ်လုပ်ခဲ့ပြီး ပင်နယ်တီမှာ ဂိုးသမားက ကောင်းမွန်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ သူက နောက်တစ်ကြိမ် သက်သေပြခဲ့တာဖြစ်ပြီး ကျွန်တော်တို့အသင်းက အရမ်းကိုကောင်းမွန်ခဲ့ပါတယ်" လို့ တန်ဟက်က ပြောပါတယ်။

ခြေစမ်းပွဲအတွင်း တန်ဟက်မှာ ဒဏ်ရာအတွက် စိုးရိမ်စရာမှာရှိနေတာဖြစ်ပြီး တိုက်စစ်မှူးဟွိုက်လန်းနှင့် အသစ်ခေါ်ယူထားတဲ့ ခံစစ်မှူး ရာယိုတို့က ကွင်းထဲကနေ ဒဏ်ရာဖြင့်ထွက်သွားခဲ့ရတာဖြစ်ပါတယ်။ "သူတို့ရဲ့ဒဏ်ရာအခြေအနေကို သိဖို့အတွက်က အရမ်းကို တိုးတောင်းလွန်းပါသေးတယ်။ ကျွန်တော်တို့ ၂၄ နာရီလောက်‌ စောင့်ရဦးမှာပါ။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ ပိုပြီးသိလာမှာပါ။ ရာယိုဆိုရင် ၅၀ % လောက်သာ လေ့ကျင့်ရသေးတဲ့အတွက် ကျွန်တော်တို့အထူးဂရုစိုက်ထားပါတယ်။ ကျွန်တော်တို့က အကောင်းဘက်သာတွေးထားပြီး ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရမှာပါ" လို့ တန်ဟက်က ပြောထားပါတယ်။

အာဆင်နယ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးနောက် ယူနိုက်တက်ဟာ ဇူလိုင်လ ၃၁ ရက်နေ့ ဆန်ဒီယာဂိုမှာ ရီးရဲလ်ဘက်တစ်နှင့် ကစားသွားဖို့ရှိနေပါတယ်။