
ဂျိုတာရဲ့ကားအက်ဆီးဒန့်တ်အကြောင်း အတည်ပြုလာတဲ့ Guardia Civil
စပိန်နိုင်ငံရဲ့ Guardia Civil ကတော့ လီဗာပူးစတား ဂျိုတာ နဲ့ သူ့အကိုဖြစ်သူ အန်ဒရီတို့ ကားအက်ဆီးဒန့်တ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ ဂျိုတာ နဲ့ သူ့အကိုအန်ဒရီတို့ဟာ ကြာသပတေးနေ့ညတုန်းက စပိန်မြေ ဇာမိုရာကနေကားနဲ့ပြန်လာခဲ့တာဖြစ်ပြီး ကားအက်ဆီးဒန့်တ်ဖြစ်ကာ ၂ ဦးစလုံးသေဆုံးခဲ့တာဖြစ်ပါတယ်။
ဘီဘီစီသတင်းဌာနကို ပြောကြားရာမှာ Guardia Civil က “ကျွန်တော်တို့ ကားအချက်အလက်တွေကိုရရှိခဲ့ပါတယ်။ အဲ့ကားက Lamborghini ဖြစ်သလို အရှိန်တင်ချိန်မှာ ကားတာယာပေါက်ကွဲမှုကြောင့် အခုလိုဖြစ်ခဲ့တာပါ။ အချိန်ကတော့ အစောပိုင်းကာလဖြစ်ပါတယ်။ အက်ဆီးဒန့်တ်ဖြစ်ပြီးနောက် ကားကမီးလောင်ခဲ့ပြီး သူတို့ ၂ ယောက်စလုံးသေဆုံးခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဘက်က ဂျိုတာကွယ်လွန်မှုအတွက် ဂျိုတာနဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းမိကြောင်းနဲ့အသင်းဖော်တွေ ၊ အသင်းဝန်ထမ်းတွေကလည်း ထပ်တူရှိနေမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဂျိုတာရဲ့ပေါ်တူဂီအသင်းဖော် ရော်နယ်ဒိုကလည်း အဆိုပါဖြစ်ရပ်နဲ့ပတ်သက်လို့ အင်စတာဂရမ်ကနေ “အဲ့တာက အဓိပ္ပာယ်မရှိသလိုပါပဲ။ ငါတို့အားလုံး မင်းနဲ့အတူရှိနေပါတယ်။ မင်းလက်ထပ်ထားတာမကြာသေးပါဘူး။ မင်းနဲ့ မင်းမိသားစု ၊ ကလေးတွေကိုလည်း ငါတို့အားလုံးခွန်အားတွေမျှဝေမှာဖြစ်သလို တစ်ကမ္ဘာလုံးကလည်း သူတို့ကိုဆုတောင်းပေးနေမှာပါ။ မင်းသူတို့နဲ့အတူတူအမြဲတမ်းရှိနေမယ်ဆိုတာ ငါသိပါတယ်။ ငြိမ်းချမ်းစွာအနားယူပါ ဒီယေဂို နဲ့ အန်ဒရီရေ။ ငါတို့အားလုံးမင်းတို့ကိုလွမ်းနေမှာပါ”လို့ ရေးသားတင်ခဲ့ပါတယ်။