The network connection is lost.

Banner Image

မာဒရစ်ခ်နဲ့ အပြောင်းအရွှေ့ပျက်ပြယ်မှုက အာဆင်နယ်နဲ့အပြောင်းအရွှေ့ကို ဖြစ်ပေါ်လာစေကြောင်း ဖွင့်ဟလာတဲ့ ထရိုဆက်

အာဆင်နယ်တိုက်စစ်မှူး လီအန်ဒရိုထရိုဆက်က အာဆင်နယ်တာဝန်ရှိသူတွေဟာ မာဒရစ်ခ်ရဲ့အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် သူ့ကိုသာ လိုချင်ကြောင်း အတိအလင်းပြောကြာလာတဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၃ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မာဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးက ပေါင်၈၈.၃သန်းအထိပေးကာ ကြားဖြတ်ခေါ်ယူသွားခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်ဟာ ဘရိုက်တန်တိုက်စစ်မှူး ထရိုဆက်ကို ပေါင်၂၇သန်းနဲ့ ခေါ်ယူခဲ့ရာမှာ အကောင်းဆုံးခေါ်ယူမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ထရိုဆက်က “ကျွန်တော် ဘာတွေဖြစ်သွားမှန်းတောင် မသိလိုက်ပါဘူး။ မာဒရစ်ခ်နဲ့ကိစ္စပြီးတော့ အာဆင်နယ်က ကျွန်တော့်ကို ခေါ်ယူချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလာခဲ့ပါတယ်။ ကျွန်တော်လည်း ကျေနပ်ပါတယ်။

ကျွန်တော် အာတီတာနဲ့ ကောင်းကောင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ အစီအစဉ်တစ်ခုကို သူပြောပြခဲ့ပြီး ကျွန်တော်လည်း တောက်လျှောက်ခြေစွမ်းပြခဲ့ပါတယ်။

ကွင်းတွင်းစွမ်းဆောင်ရည်ရော ကွင်းပြင်မှာပါ ကျွန်တော် တကယ်ကျေနပ်ခဲ့ရပါတယ်။ ကစားသမားတွေရဲ့ ကြိုဆိုမှုတွေ၊ ကွင်းတွင်းစွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ”လို့ ပြောခဲ့ပါတယ်။