The network connection is lost.

Banner Image

နယ်သာလန်အသင်းအတွက် နေရာစုံကစားပေးနိုင်ကြောင်း ပြောကြားလာတဲ့ တင်ဘာ

အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်ဘာက လီဗာပူးနောက်ခံလူ ဗာဂျယ်လ်ဗန်ဒိုက်နဲ့အတူ နယ်သာလန်အသင်းအတွက် ဗဟိုနောက်ခံလူနေရာမှာ အောင်မြင်စွာကစားနိုင်ခဲ့တာကြောင့် သူ့ရဲ့စွယ်စုံရမှုစွမ်းရည်ကိုပြသခဲ့ပါတယ်။ တင်ဘာဟာ ဒီရာသီ အာဆင်နယ်မှာ ညာနောက်ခံလူနေရာ ကစားနေခဲ့ရပေမဲ့ နယ်သာလန်အသင်းရဲ့ မော်လ်တာအသင်းကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဗဟိုနောက်ခံလူအဖြစ်ပွဲထွက်ခဲ့ပါတယ်။ 

တင်ဘာက"နည်းပြလိုအပ်တဲ့နေရာတိုင်းမှာ ကျွန်တော်ကစားပါတယ်။ ကျွန်တော်က နေရာအတော်များများမှာ ကစားနိုင်တာက ကျွန်တော့်ရဲ့အားသာချက်တွေထဲက တစ်ခုလို့ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။အသက် ၂၄ နှစ်အရွယ်ကစားသမားက ဗန်ဒိုက်နဲ့အတူကစားရတာက နေရာပြောင်းကစားရတာတာကို ပိုပြီးလွယ်ကူစေတယ်လို့ဝန်ခံခဲ့ပါတယ်။ တင်ဘာက "ဗဟိုနောက်ခံလူနေရာမှာ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြနိုင်ခဲ့ပါတယ်၊ ပြီးတော့ ဗာဂျယ်လ်လိုလူတစ်ယောက်ရှိနေတော့ ပိုပြီးလွယ်ကူစေပါတယ်။ ကျွန်တော်တို့ဂိုးမပေးခဲ့ရပါဘူး၊ ဂိုးကောင်းတွေသွင်းခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျေနပ်နိုင်ပါတယ်"လို့ ပြောခဲ့ပါတယ်။