The network connection is lost.

Banner Image

ရီးရဲလ်စတားကို ချီးကျူးလိုက်တဲ့ တင်းနစ်စတား ရာဖေးလ်နာဒယ်

လာလီဂါမြေမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပြီးနောက် တင်းနစ်စတား ရာဖေးလ်နာဒယ်က ဘာပေဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးလိုက်ပါတယ်။ ရီးရဲလ်ကိုရောက်လာပြီးနောက် ဘာပေတစ်ယောက်စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အခုရာသီ ၁၀ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အလွန်ဆိုလက်အောက်မှာ ပြင်သစ်သားဟာ ခြေစွမ်းပြသနေပြီး ချန်ပီယံလိဂ်ဆုဖလားအပြင် ဘော်လွန်းဒီအော်ဆုပါရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

တော်တော်များများကလည်း ဘာပေအနေနဲ့ မက်ဆီ နဲ့ ရော်နယ်ဒိုတို့မရှိတော့တဲ့အချိန်မှာ အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။ ဖိအားတွေက သူ့ကိုဒုက္ခမပေးနိုင်ပဲ တွန်းအားပေးနေပြီး သွင်းဂိုးတိုင်း ၊ ဂိုးဖန်တီးမှုတိုင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကို အတည်ပြုပေးနေပါတယ်။ 

တင်းနစ်ဂန္ထဝင် နာဒယ်ဟာ ရီးရဲလ်ပရိသတ်တစ်ဦးဖြစ်ပြီး ဗီလာရီးရဲလ်ကိုအနိုင်ရပြီးနောက် အင်တာဗျူးမှာ “ဘာပေကို ခေါ်ယူလိုက်ချိန်မှာ ကျွန်တော်တို့ ဘာရလိုက်ပြီလဲဆိုတာ သိလိုက်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မမှားဘူးဆိုတာကို ဒီရာသီမှာ သူသက်သေပြနေပါတယ်။ သူတို့ တစ်ပွဲတော့ အရေးနိမ့်ထားခဲ့ပါတယ်။ အဲ့တာက တီကိုနဲ့ပွဲပါ။ ဒါပေမယ့် လူစာရင်းက တောင့်တင်းတယ်ဆိုတာမြင်နိုင်သလို နည်းပြကလည်း အသင်းအကြောင်းသိပါတယ်။

ကျွန်တော်တို့ ခရီးရှည်ကြီးသွားရမှာဖြစ်တာကြောင့် ကြီးမားတဲ့ရည်မှန်းချက်တွေရှိနေပါတယ်။ သူ(ဘာပေ)ကလည်း ကမ္ဘာ့အကောင်းဆုံးဖြစ်လာဖို့ တိုက်ခိုက်ပါလိမ့်မယ်။ အသင်းက သူ့နောက်မှာရှိနေပါတယ်။ ဘာပေဒီလိုမျိုးအောင်မြင်မှာကိုမြင်ရမှာက ကျွန်တော့်ကိုစိတ်လှုပ်ရှားစေပါတယ်။ ဘာလို့လဲဆိုတော့ သူ့အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ ကျွန်တော်သိတာကြောင့်ပါ”လို့ နာဒယ်က ဖြေကြားခဲ့ပါတယ်။ အလွန်ဆိုရဲ့ပရောဂျက်မှာ ဘာပေကအဓိကကစားသမားအဖြစ်ရှိနေပြီး နာဒယ်ရဲ့မှတ်ချက်ကြောင့် ဘာပေအနေနဲ့ အပိုဆောင်းစိတ်ခွန်အားရရှိသွားဖွယ်ရှိနေပါတယ်။