The network connection is lost.

Banner Image

နစ္စတယ်ရွိုင်းထံမှသင်ယူဖို့ ဇာကီကို အကြံပေးလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ကစားသမားသစ် ဂျိုရှူးဝါးဇာကီကို အသင်းသို့ လက်ထောက်နည်းပြအနေနဲ့ပြန်လာတဲ့ တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းထံမှ သင်ယူဖို့ အကြံပေးလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဇာကီကို ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ဘိုလော့ဂ်နာထံမှ ပေါင် ၃၆ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီး ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ တိုက်စစ်မှူးဟာ တန်ဟက်နဲ့သာမက ၂၀၀၁ နဲ့ ၂၀၀၆ ခုနှစ်အတွင်း ယူနိုက်တက်အတွက် ဂိုး ၁၅၀ အထိ သွင်းယူပေးခဲ့တဲ့ လက်ထောက်နည်းပြသစ် နစ္စတယ်ရွိုင်းနဲ့ပါ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

တန်ဟက်နဲ့ ဇာကီတို့ရဲ့ အပြန်အလှန်စကားပြောဆိုမှုမှာ
တန်ဟက် - "မင်းမှာဆာလောင်မှုရှိရဲ့လား"
ဇာကီ - "သေချာတာပေါ့"
တန်ဟက် - "နစ္စတယ်ရွိုင်းက မင်းကိုစောင့်နေတယ်"
ဇာကီ - "ဟုတ်ပါတယ်။ သူ့ကို ဒီမှာ ကျွန်တော်မြင်ဖူးပါတယ်"
တန်ဟက် - မင်းအနေနဲ့ သူ့ဆီက တစ်ခု ခုသင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက အမြဲတမ်း ၁ ဂိုး ၂ ဂိုးသွင်းနိုင်တဲ့ကစားသမားပါ"
ဇာကီ - "မှန်ပါတယ်။ သူက ဂိုးသွင်းကောင်းတယ်" လို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ယူနိုက်တက်ဟာ နောက်ရာသီအတွက် အပြုသဘောဆောင်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဇာကီကို ခေါ်ယူနိုင်ပြီးနောက် မကြာခင်မှာပဲယူနိုက်တက်ဟာ လိုင်လီဗဟိုခံစစ်မှူး လန်နီယိုရိုကို ထပ်မံခေါ်ယူနိုင်ခဲ့ပါတယ်။

အေစီမီလန်ကို ငြင်းပယ်ပြီး ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့တဲ့ဇာကီဟာ လာမယ့် စနေနေ့ ရိန်းဂျားစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ခြေစမ်းပွဲစဉ်မှာ အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားသွားနိုင်မလား စောင့်ကြည့်ရပါမယ်။