
ဘန်လေနဲ့ပွဲက ခြေစွမ်းကြောင့် လူငယ်ကြယ်ပွင့် ဟန်နီဘယ်မက်ဂျ်ဘရီကို ချန်လှပ်မရနိုင်ဘူးလို့ သတိပေးခြင်းခံလိုက်ရတဲ့ တန်ဟက်
နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ အမ်မရာဘတ်နှင့် မေဆင်မောင့်တို့ ဒဏ်ရာ ရရှိနေတာကြောင့် အသက် ၂၀ နှစ်အရွယ် ကစားသမားကို ဒဏ်ရာပြဿနာတွေရှိနေတဲ့ ပထမအသင်းသို့ ယူနိုက်တက်နည်းပြ တန်ဟက်က ခေါ်ယူခဲ့ပါတယ်။
မက်ဂျ်ဘရီဟာ လွန်ခဲ့တဲ့ ၄ နှစ်က မိုနာကိုမှ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့ပြီး စီနီယာအဆင့်မှာ ကစားခွင့်ရရှိဖို့အတွက် တွန်းအားပေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အထင်ကြီးစရာခြေစွမ်းရှိနေတဲ့ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီး ပထမအသင်းရှိကစားသမားအများအပြား မပါဝင်နိုင်တဲအ့ချိန် ဘန်လေနှင့်ပွဲရဲ့ ပထမအသင်းမှာ ပါဝင်လာခဲ့ပါတယ်။
၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ နိုင်ပွဲရရှိဖို့ လိုအပ်နေပြီး ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ မြေမကျဘောကန်ချက်ဖြင့် ဘန်လေကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ရရှိခဲ့တဲ့ Man of the Match ဆုကို ဖာနန်ဒက်စ်က သူ့အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ အီဗန်ကို ပေးအပ်ခဲ့ပါတယ်။ မက်ဂျ်ဘရီရဲ့ စွမ်းဆောင်ရည်က ယူနိုက်တက်ရဲ့ အနိုင်ရရှိမှုကို ကိုယ်ကစားပြုထားတယ်လို့ ရှားဝုဒ်က ပြောကြားထားပါတယ်။
Premier League Productions သို့ ရှားဝုဒ်က "ယူနိုက်တက်အတွက် ဟန်နီဘယ်ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကို ကြည့်တဲ့အခါ တကယ်ကောင်းတယ်လို့ ကျွန်တော် ထင်မိပါတယ်" "သူက သတ္တိရှိတယ်။ သူ ဘယ်နေရာပဲရောက်ရောက် ဘောလုံးကို ရှာနေတယ်လို့ ကျွန်တော် ထင်ပါတယ်" "ဘောလုံးမရရှိတဲ့ အနေအထားမှာလည်း ဘယ်နေပဲရောက်ရောက် အားသွန်ခွန်စိုက်ကစားခဲ့ပါတယ်" "သူ့မှာ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ရှိခဲ့ပြီး ပိုကောင်းလာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ အသင်းမှာ ဆက်ရှိနေဖို့ပဲ မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။