The network connection is lost.

Banner Image

ဂျာမနီကို နောက်ကျချေပဂိုးခွင့်ပြုခဲ့ရသော်လည်း ရလဒ်ကို ကျေနပ်နေတဲ့ ဆွစ်ဇာလန်နည်းပြ ယာကင်

ဆွစ်ဇာလန်နည်းပြ မူရက်ယာကင်က ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ဂျာမနီကို အနိုင်ရဖို့နီးစပ်ခဲ့ပြီး အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ နီးစပ်ခဲ့သော်လည်းပွဲပြီကာနီးမှ  ချေပဂိုးပေးခဲ့ရတဲ့အပေါ် ကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

ပွဲအပြီးမှာ ယာကင်က “ဒီပွဲက ဖိအားအရမ်းများပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရမှတ်စုဆောင်းနိုင်ခဲ့ပြီး ရလဒ်ကလည်း မျှတပါတယ်။ ပြီးတော့ ဒီပွဲက နည်းဗျူဟာမြောက်တဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး နည်းစနစ်တွေကလည်း အလုပ်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ ဂျာမနီကို ပွဲကစားချိန် ၉၀+၁ မိနစ်အထိ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ခါးသီးတဲ့ထိုးနှက်ချက်နဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ယာကင်က “ကျွန်တော်တို့ အနိုင်ရလုနီးပါးဖြစ်ခဲ့ပါတယ်။ မိနစ် ၉၀ အထိ ဦးဆောင်ထားနိုင်ပြီးမှ သရေကျခဲ့လို့ ဝမ်းနည်းစရာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်။ အသင်းအတွက်လည်း ဂုဏ်ယူပါတယ်။ အခုထိ မရှုံးအောင်ကစားထားနိုင်လို့ ဝမ်းသာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ဂရန်းနစ်ဇာခါကလည်း “၁-၁ ဆိုတဲ့သရေ ရလဒ်ကိုယူနိုင်ခဲ့လို့ ပျော်ပါတယ်။ ဂျာမနီက နိုင်ပွဲဆာလောင်တဲ့အသင်းတစ်သင်းပါ” လို့ပြောကြားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဂျာမနီဟာ အုပ်စုဗိုလ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားသလို ဆွစ်ဇာလန်ကလည်း အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို  တက်ရောက်သွားနိုင်ပြီဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တစ်လျှောက်မှာ ဂျာမနီဟာ စကော့တလန်နဲ့ ဟန်ဂေရီတို့ကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်ကတော့ ဟန်ဂေရီကို အနိုင်ယူခဲ့ပြီး စကော့တလန်ကို သရေကျခဲ့ပါတယ်။