The network connection is lost.

Banner Image

အာဆင်နယ်စတားကို ပရီးမီးယားလိဂ်အကောင်းဆုံးဘယ်နောက်ခံလူအဖြစ် ချီးကျူးလိုက်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ပီယာ့စ်

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း စတူးအက်ပီယာ့စ်က အာဆင်နယ်အသင်းစတား စကယ်လီဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဘယ်နောက်ခံလူဖြစ်တယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်သားဟာ ဒီဇင်ဘာတုန်းက ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်ခဲ့ပါတယ်။ စကယ်လီဟာ ဘယ်နောက်ခံလူစစ်မဟုတ်ပဲ ကျောင်းမှာတုန်းက ကွင်းလယ်နေရာမှာ ကစားခဲ့ရတာဖြစ်ပါတယ်။ 

အာဆင်နယ်လူငယ်အကယ်ဒမီမှာတုန်းက စကယ်လီတစ်ယောက် ဘောလုံးသယ်ယူနိုင်တဲ့ကွင်းလယ်လူအဖြစ် ကစားခဲ့ရပေမယ့် အာတီတာက သူ့ကိုပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ - ၂၄ ရာသီမှာ အာဆင်နယ်ဟာ စကယ်လီကို inverted left-back အဖြစ် ယူ - ၁၈ နဲ့ ယူ - ၂၁ အသင်းမှာ စတင်လေ့ကျင့်စေခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက စကယ်လီတစ်ယောက် အာဆင်နယ်စီနီယာအသင်းအတွက် ဘယ်နောက်ခံလူအဖြစ် ၃၉ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးဂိုးကို မန်စီးတီးနဲ့ပွဲမှာ ဟာလန်းရဲ့အောင်ပွဲခံပုံအတိုင်း အတုခိုးကာ အောင်ပွဲခံခဲ့ပါတယ်။ BestBettingSites နဲ့ အင်တာဗျူးမှာ ပီယာ့စ်က “ကျွန်တော့်ခေါင်းထဲမှာ စကယ်လီကအရင်ကထက်အများကြီးပိုကောင်းလာပါတယ်။ တကယ်လို့ ကျွန်တော်အရိုးသားဆုံးပြောရမယ်ဆိုရင် သူလာမယ့်နှစ်တွေမှာလည်း ပိုပိုကောင်းလာဦးမှာပါ။ အာဆင်နယက် ဘယ်နောက်ခံလူတွေကို အဆင့်မြှင့်တင်ပေးရာမှာ ကြီးမားတဲ့ဂုဏ်အင်ရှိပါတယ်။ ကျွန်တော် ကန်နီဆန်ဆွန်နဲ့ကစားဖူးသလို အဲ့နောက် အက်ရှ်လေကိုးလ်နဲ့ ကစားခဲ့ရပါတယ်။

သူတို့ကို အာဆင်နယ်က အဆင့်မြှင့်တင်ပေးခဲ့တာပါ။ မိုင်းလ်ကလည်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဘယ်နောက်ခံလူပါ။ သူအများကြီးပိုကောင်းလာဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ လုခ်ရှောဒဏ်ရာရနေချိန်မှာ သူက ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ရပ်ပြသနိုင်ခဲ့ပါတယ်။ ပွဲအခြေအနေကိုလည်း ဖတ်လာနိုင်တဲ့အထိ ကောင်းမွန်လာပါတယ်။ တစ်ဦးချင်းအနေအထားမှာလည်း သူကထိပ်တန်းအဆင့်ရှိနေသလို တိုက်စစ် နဲ့ ခံစစ် လွန်းထိုးကစားနိုင်ပါတယ်။ လုခ်ရှောသာ ဆက်လက်ပြီး ကြံ့ခိုင်မှုမပြည့်ဝဘူးဆိုရင် သူက အင်္ဂလန်အသင်းမှာ အမြဲတမ်းနေရာရနိုင်ပါတယ်”လို့ ပီယာ့စ်က ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်ဒုတိယမြောက်ပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ကစားရမှာဖြစ်ပါတယ်။