
အယ်လ်နာဆာမှာ တစ်ရာသီအကြာရှိခဲ့ပြီးနောက် ဖီအိုရင်တီးနားသို့ ပြန်လာတဲ့ ပီအိုလီ
အသက် ၅၉ နှစ်အရွယ် နည်းပြဟာ သူ့ရဲ့တစ်နိုင်ငံတည်းသား ရာဖယ်လီ ပါလာဒီနို ရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ ပါလာဒီနိုဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးပြီး ရက်သတ္တပတ် အနည်းငယ်အကြာ ဇွန်လမှာ လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
"ဖီအိုရင်တီးနားရဲ့ ပထမအသင်းအတွက် နည်းပြသစ်ဟာ စတီဖာနို ပီအိုလီ ဖြစ်ကြောင်း ကြေညာအပ်ပါတယ်"
"ပီအိုလီဟာ ၁၉၈၉ နဲ့ ၁၉၉၅ ကြားမှာ ကစားသမားဘဝနဲ့ ခရမ်းရောင်ဂျာစီကို ဝတ်ဆင်ခဲ့ဖူးသလို ၂၀၁၇ ကနေ ၂၀၁၉ အထိ ကလပ်ကို နည်းပြခဲ့ပြီးနောက် ဖလောရင့်စ် ကို ပြန်လာသူ ဖြစ်ပါတယ်။ သူဟာ ဖီအိုရင်တီးနားနဲ့ ၂၀၂၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ချုပ်ဆိုထားတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်" လို့ ကလပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေ မှာ အဆင့် ၆ နေရာနဲ့ ရပ်တည်ခဲ့ပြီး ကွန်ဖရင့်စ်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။
ပီအိုလီဟာ ပေါ်တူဂီ စူပါစတား ခရစ်စတီယာနို ရော်နယ်ဒို ကစားတဲ့ အယ်လ်နာဆာ ကနေ အခုအပတ် အစောပိုင်းမှာပဲ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသင်းကို ဆော်ဒီလိဂ် မှာ တတိယနေရာ ရောက်အောင် ဦးဆောင်ပေးခဲ့ပြီး တစ်ရာသီသာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ နည်းပြဘဝမှာ ဘိုလော့ဂ်နာ ၊ အင်တာမီလန် ၊ ဖီအိုရင်တီးနားမှာရှိခဲ့ပြီးနောက် အေစီမီလန်တွင် ငါးနှစ်တာ နည်းပြခဲ့ကာ အဆိုပါကလပ်နှင့်အတူ ၂၀၂၁-၂၂ ရာသီမှာ စီးရီးအေဖလားကို ရရှိခဲ့ပါတယ်။