
The network connection is lost.

ယူနိုက်တက်လက်ထောက်နည်းပြဟောင်း မိုက်ခ်ဖီးလန်းက တန်ဟက်အနေနဲ့ အသင်းကို အလှည့်အပြောင်းတွေ အများကြီးလုပ်ပြီး ဘရိုက်တန်နဲ့ပွဲကို ကစားခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
အဆိုပါအခြေအနေကြောင့်ပဲ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ချည့်နဲ့စွာစတင်ခဲ့ပြီးနောက် တန်ဟက်ဟာ ဘရိုက်တန်နဲ့ ပွဲမမှာ တိုမီနေးကို အလယ်၊ တိုက်စစ်ပိုင်းမှာ ဟွိုက်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ထားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ အိမ်ကွင်းမှာ တတိယမြောက်ရှုံးပွဲနဲ့ပဲ ရင်ဆိုင်ခဲ့ရကာ ဖီးလန်းက တန်ဟက်ရဲ့ရွေးချယ်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။
“အဲ့တာက နားလည်မှုလွဲနိုင်ပါတယ်။ သူတို့အနေနဲ့ သေချာလေးကစားမယ့် နည်းလမ်းတစ်ခုတည်းကိုပဲ အထိုင်ချသင့်တာပါ။ တန်ဟက်အနေနဲ့ အပြောင်းအလဲတွေအများကြီးလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကွင်းလယ်ကနေပဲ ထိုးဖောက်ကစားပြီး တောင်ပံကိုသွားကာ ဂိုးဧရိယာထဲဝင်လေ့ရှိပါတယ်။ သူတို့ရဲ့ပွဲအစီအစဉ်ကို သူတို့ကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်ပါတယ်။ ဘရိုက်တန်နဲ့ပွဲက သင်ခန်းစာကို သူတို့သင်ယူနိုင်ပြီး လာမယ့်ပွဲမှာ အကောင်းဆုံး တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း သူတို့ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကလည်း ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ကစားသမားအများစုကို သေချာတဲ့နေရာမှာပဲ ထားကစားသင့်ပါတယ်”လို့ ဖီးလန်းက ပြောကြားခဲ့ပါတယ်။
တန်ဟက်ရဲ့အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။