စပိန်ကို အရေးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နဲ့အနာဂတ်အကြောင်း ပြောကြားလာတဲ့ ဆောက်ဂိတ်
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ယူရိုဖိုင်နယ်မှာ စပိန်ကို အရေးနိမ့်ခဲ့ပြီးနောက် အနာဂတ်ကို စဉ်းစားဖို့ အချိန်ယူမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ၃ နှစ်အတွင်း ၂ ကြိမ်ဆက်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အခုပြိုင်ပွဲအတွင်း အင်္ဂလန်ရဲ့ကစားပုံနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်မှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒီဇင်ဘာမှာ ဆောက်ဂိတ်ရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးမှာဖြစ်ပြီး အက်ဖ်အေကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် နည်းပြသစ်တစ်ဦး ခန့်အပ်ချင်နေပါတယ်။ “အခုချိန်က ဆုံးဖြတ်ချက်ချလို့ကောင်းတဲ့ အချိန်ကောင်းမဟုတ်ပါဘူး။ ကျွန်တော်မှန်ကန်တဲ့လူတွေနဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ အဲ့တာက အခုမဟုတ်သေးပါဘူး။ စပိန်က ဒီပြိုင်ပွဲမှာ အရမ်းကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့ဘောလုံးကို သေချာမကိုင်ထားနိုင်သလို နောက်ဆုံး ၁၀ မိနစ်မတိုင်ခင်အထိ ကျွန်တော်တို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ လူတိုင်းအတွက် ကျွန်တော်က အဖျက်သမားဖြစ်ခဲ့ပါတယ်။ တကယ်ပါ။ ကစားသမားတွေက လုံးဝကိုအားစိုက်ထုတ်ခဲ့ကြပါတယ်။ သူတို့လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော်အနည်းငယ်လောက် လဲကျခဲ့ပြီး အဆုံးသတ်မှာ ချေပဂိုးရနိုင်တဲ့အခွင့်အရေးကောင်းတစ်ရပ်ရခဲ့ပါတယ်။ မိနစ် ၉၀ အတွင်းမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်က မလုံလောက်ခဲ့ပါဘူး”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းက မိမိတို့အသင်းဟာ ကိုးလ်ပယ်လ်မာရဲ့ချေပဂိုးအရှိန်အဟုန်ကို ဆက်မထိန်းနိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ကိန်းက ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရတာကြောင့် လူစားလဲခံခဲ့ရပြီး အခုပြိုင်ပွဲမှာ ၃ ဂိုးနဲ့အတူ အခြားကစားသမား ၅ ဦးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
“အခုချိန်မှာ ကျွန်တော်တို့ ဘယ်လိုခံစားရလဲဆိုတာ စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ခဲ့သလို ကျွန်တော်တို့ ပွဲကိုပြန်လာနိုင်ခဲ့ပါတယ်။ နောက်ကျအနိုင်ဂိုး ပေးလိုက်ရတာက တကယ့်ကိုမှခက်ခဲပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
စပိန်အတွက် ဦးဆောင်ဂိုးကို နီကိုဝီလီယံက သွင်းယူပေးခဲ့ပြီး အင်္ဂလန်အတွက် ချေပဂိုးကို ပယ်လ်မာက ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ စပိန်အတွက် နောက်ကျအနိုင်ဂိုးကို အိုယာဇာဘယ်က သွင်းယူပေးခဲ့ပြီး ယူရိုချန်ပီယံဖြစ်စေခဲ့ပါတယ်။
အင်္ဂလန်အတွက်တော့ ယူရို ၂၀၂၀ တုန်းကလည်း အီတလီကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး အခုလည်း စပိန်ကို ထပ်မံအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ဆုဖလားအဖြစ်တော့ အင်္ဂလန်အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုသာ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။
စပိန်အတွက် အခုယူရိုဖလားက ၅ ကြိမ်မှာ ၃ ကြိမ်မြောက်ရရှိတဲ့ ဆုဖလားဖြစ်လာခဲ့ပါတယ်။