The network connection is lost.

Banner Image

စပိန်ကို အရေးနိမ့်ခဲ့ရတဲ့အဓိကအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က စပိန်ကိုအရေးနိမ့်ခဲ့ရတာဟာ ဘောလုံးမကိုင်ထားနိုင်တာကြောင့်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်ဟာ ယူရိုဖိုင်နယ် ၂ ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပေမယ့် ဘာလင်မှာ စပိန်ကို ၂-၁ နဲ့ ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ နီကိုဝီလီယံရဲ့ဦးဆောင်ဂိုးကို ပယ်လ်မာက ချေပနိုင်ခဲ့ပေမယ့် စပိန်အတွက် အနိုင်သေချာစေမယ့်ဂိုးကို အိုယာဇာဘယ်က ပွဲကစားချိန် ၈၆ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်ဟာ အခုယူရိုပြိုင်ပွဲတစ်လျှောက် ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဖိုင်နယ်မှာလည်း စပိန်ရဲ့ဖိအားပေးမှုနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဆောက်ဂိတ်ကတော့ စပိန်ကိုအရေးနိမ့်ခဲ့တာဟာ ဘောလုံးထိန်းသိမ်းနိုင်စွမ်းမရှိခဲ့တာကြောင့်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ ကစားသမားတွေ ဒီနေ့မှာတကယ့်အံ့ဖွယ်လုပ်ပြနိုင်ခဲ့ပါတယ်။ သူတို့အရာအားလုံးပေးဆပ်ကစားခဲ့ကြပါတယ်။ အခုထက်ပိုပြီးလည်း သူတို့မလုပ်ပြနိုင်ပါဘူး။ ဒီနေ့ညမှာ ကျွန်တော်တို့ ကျရှုံးခဲ့သလို ဘောလုံးလည်း လုံလောက်စွာမကိုင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပေမယ့် တန်ပြန်တိုက်စစ်ကနေ ဖိအားကောင်းကောင်းမပေးနိုင်ခဲ့ပါဘူး။ ဂိုးမပေးလိုက်ရခင်အထိ ကျွန်တော်တို့ ကျွန်တော်တို့ဘောလုံးကို ကောင်းကောင်းအသုံးမပြုနိုင်ခဲ့ပါဘူး။ အဲ့နောက် ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့ ချေပဂိုးပြန်ရခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာပြဿနာရှိခဲ့ပါတယ်။ အချိန်ပိုတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ ဘောလုံးအနည်းငယ်ပဲ ကိုင်ထားနိုင်ခဲ့ပါတယ်။ အဲ့တာက စပိန်ကိုအရေးနိမ့်ရတဲ့အဓိကအချက်လို့ ကျွန်တော်ထင်ပါတယ်။ ပွဲကစားချိန် ၈၅ မိနစ်မတိုင်ခင်အထိ ကျွန်တော်တို့အသင်းသားတွေ တွန်းအားပေးနိုင်ခဲ့ပါတယ်။ သူတို့ကလည်း အရမ်းကိုကောင်းခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီနေ့ညမှာ ပွဲကိုမထိန်းချုပ်နိုင်ခဲ့တာအပြင် ဘောလုံးမကိုင်နိုင်ခဲ့တာက အဓိကကျတယ်ဆိုတာ ရှင်းလင်းနေပါတယ်။  သူတို့က ဒီပြိုင်ပွဲရဲ့အကောင်းဆုံး အသင်းဖြစ်သလို အနိုင်ရလဒ်နဲ့သူတို့က ထိုက်တန်ပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။