
တစ်ဦးချင်းအမှားကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်သာရရှိခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၂ - ၂ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)
အာဆင်နယ်က ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားအားကျသွားခဲ့ပြီး ပွဲကိုထိန်းကစားဖို ဦးတည်ကြိုးစားခဲ့ပါတယ်။
ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် မိနစ်၈၀ကျော်မှာ ဆာလီဘာရဲ့အမှားကနေ လူစားဝင်ကစားသမား မာတီတာက ရာယာကို ကျော်ပြီးသွင်းယူသွားတာကြောင့် ခရစ္စတယ်ပဲလေ့စ်တို ချေပဂိုးရခဲ့ပါတယ်။
အာတီတာက လူစားလဲမှုတွေနဲ့တိုက်စစ်ကို မြှင့်တင်ခဲ့ပေမယ့် ဦးဆောင်ဂိုးရှာဖွေနိုင်ခြင်း မရှိတော့တာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီရလဒ်ကြောင့် လီဗာပူးအသင်းဟာ တနင်္ဂနွေညမှာ တော့တင်ဟမ်ကို သရေကစားရုံနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။