The network connection is lost.

Banner Image

ထိပ်တန်းအသင်းတွေစိတ်ဝင်စားနေတဲ့ အီဆက်ကို စာချုပ်ကိစ္စဆွေးနွေးနေတဲ့ နယူးကာဆယ်

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ ထိပ်တန်းအသင်းတွေစိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အီဆက်ကို စာချုပ်ကိစ္စဆွေးနွေးနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အီဆက်ကို ထိပ်တန်းအသင်းတွေက ပစ်မှတ်ထားလာခဲ့ပါတယ်။ အီဆက် နဲ့ နယူးကာဆယ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိဆက်ရှိနေပေမယ့်   နယူးကာဆယ်တာဝန်ရှိသူတွေက သူ့ရဲ့လုပ်ခလစာက တစ်ပတ် ၁ သိန်း ၄ သောင်းသာရနေတာကြောင့် အခြားထိပ်တန်းကစားသမားတွေနဲ့ယှဉ်ရင် နည်းပါးနေတယ်ဆိုတာကို သတိထားမိတာဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက နယူးကာဆယ်ရဲ့ဝင်ငွေက ပေါင်သန်း ၃၂၀ ၊ ၂၈% အထိ တိုးမြှင့်လာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  ဒါပေမယ့် ပရီးမီးယားလိဂ်စည်းမျည်းတွေကြောင့် ငွေကြေးအသုံးပြုမှုကတော့ ကန့်သတ်ခံထားရဆဲဖြစ်ပါတယ်။ ဘဏ္ဍာရေးတိုးတက်လာခဲ့ပေမယ့် နယူးကာဆယ်အနေနဲ့ အီဆက်ရဲ့လုပ်ခလစာကို တိုးမြှင့်ပေးနိုင်စွမ်းတော့ မရှိသေးတာဖြစ်ပါတယ်။

စာချုပ်သစ်ကိစ္စဆွေးနွေးမှုမရှိသေးပေမယ့် နွေရာသီက နီးကပ်လာတာကြောင့် အီဆက်ရဲ့အပြောင်းအရွှေ့သတင်းက ကျယ်လောင်လာခဲ့ပါတယ်။ အီဆက်ကို စာချုပ်သစ်ကမ်းလှမ်းမယ့်အခြေအနေနဲ့ပတ်သက်ပြီး အသင်းအမှုဆောင် အီလက်စ်က “ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောပါတယ်။ သူ့မှာစာချုပ်သက်တမ်းအများကြီးကျန်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စာချုပ်သစ်အတွက်ဆွေးနွေးတာတွေတော့ရှိပါတယ်။ ဂျိုလင်တန်တုန်းက လုပ်ခဲ့သလိုမျိုးပေါ့။

နွေရာသီမတိုင်ခင် ကျွန်တော်တို့ တစ်ခုခုလုပ်ဆောင်မှာပါ။ အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ အဲ့လိုကမ္ဘာကြီးမှာ နေထိုင်နေတာပါ။ အရှိတရားကတော့ ကျွန်တော်တို့ကစားသမားတွေမှာ ကာလရှည်စာချုပ်သက်တမ်းရှိနေပါတယ်။ သူတို့က အသင်းအတွက် အာရုံစိုက်ထားကြပါတယ်။ ကျွန်တော်တို့ ဘယ်ကစားသမားကိုမှာမကြည့်ပါဘူး။ ကျွန်တော်တို့ကစားသမားတွေကို ရောင်းထုတ်ဖို့ စဉ်းစားနေတာဆိုရင် အဲ့တာက ရူးရာကျမှာပါ။ ကျွန်တော်တို့ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးပြီး ထိန်းချုပ်ဖို့ ရွေးချယ်မှာပါ။ ဒါပေမယ့် အက်ဒီက အသင်းအခြေအနေ နဲ့ ကစားသမားအခြေအနေကို နားလည်ပါတယ်”လို့ အီလက်စ်က ပြောကြားခဲ့ပါတယ်။ အီဆက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အဓိကထားနေပြီး တကယ်လို့ လာမယ့်ရာသီချန်ပီယံလိဂ်မဝင်ခဲ့ရင် ထွက်ခွာဖို့ များနေပါတယ်။