The network connection is lost.

Banner Image

ယူနိုက်တက်မှာ ဆန်ချို ဘာကြောင့် ရုန်းကန်နေရသလဲဆိုတာ အရိပ်အမြွက်ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

တောင်ပံကစားသမားဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းဖြင့် ယူနိုက်တက်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက အသက် ၅၀ အရွယ် ဆိုးလ်ရှားဟာ နည်းပြအဖြစ် တာဝန်ယူထားတာဖြစ်ပြီး  ၄ လအကြာတွင် ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဆန်ချိုဟာ တန်ဟက်နှင့်ပြဿနာတက်ပြီးနောက် လက်ရှိအချိန်မှာတော့ ယူနိုက်တက် အသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခြင်းခံထားရတာပါ။

နယ်သာလန်သားနည်းပြက အင်္ဂလန်လက်ရွေးစင်ရဲ့ လေ့ကျင့်ရေးအဆင့်အတန်းကို ဝေဖန်ခဲ့ပြီး ဆန်ချိုကတော့ နည်းပြဟာ သူ့ကို လိမ်လည်စွပ်စွဲထားတယ်လို့ ပြောဆိုထားပါတယ်။ အဲဒီချိန်က သူဟာ အပြောင်းအရွှေ့အတွက် စိတ်အားထက်သန်နေကြောင်း ဆိုးလ်ရှားက The Athletic သို့ ပြောကြားထားပါတယ်။

"ဟုတ်ပါတယ်။ ကျွန်တော်က သူ့ကို ခေါ်ယူချင်ခဲ့တာပါ။ ယူနိုက်တက်က နည်းပြမလိုချင်တဲ့ ကစားသမားကို ဘယ်တော့မှ ခေါ်ယူမှာ မဟုတ်ပါဘူး" "ဒါက နေရာတိုင်းတော့ မဟုတ်ပါဘူး" "ဂျေဒန်ကို ကင်းထောက်တွေက ညာတောင်ပံအတွက် နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကို ကြည့်ရင် ဘာကြောင့်လဲဆိုတာ သိနိုင်ပါတယ်"လို့ ဆိုးလ်ရှားက ပြောပါတယ်။

အိုးထရက်ဖို့ဒ်သို့ ပြောင်းရွေ့လာပြီးကတည်းက ဆန်ချိုအနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို မပြသနိုင်ခြင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ နည်းဗျူဟာတစ်ရပ်ကို နော်ဝေနိုင်ငံသားက ပြောကြားခဲ့ပါတယ်။

"ကံမကောင်းစွာပဲ၊ အဲဒါက အလုပ်မဖြစ်သေးပါဘူး။ ရောက်လာချိန်မှာတော့ သူက ဆေးရုံတက်ခဲ့ရပြီး ပထမဆုံးပွဲတွေမှာ ကစားနိုင်ခဲ့တဲ့အတွက် ဆုတ်ယုတ်မှုဖြစ်ခဲ့ပါတယ်" "သူမှာ အလွန်ထက်မြက်တဲ့ပါရမီတွေရှိသော်လည်း အကောင်းဆုံးတွေကို ကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး။ တွေ့ရဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမယ့် သူက မားကပ်စ်ရက်ရှ်ဖို့ဒ် ကစားတဲ့ နေရာဖြစ်တဲ့ ဘယ်တောင်ပံမှာ ကစားရတာကို ပိုသဘောကျပါတယ်"လို့ ဆိုးလ်ရှားကပြောပါတယ်။

ဆန်ချိုဟာ သရဲနီတွေအတွက် ၈၂ ပွဲကစားထားပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ ဒီရာသီမှာ လူစားဝင်ကစားသမားအဖြစ် ၃ ပွဲ ကစားထားပေမယ့် ယူနိုက်တက်ရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲ မှာ မပါဝင်ခဲ့ပါဘူး။

ယူနိုက်တက်နည်းပြအဖြစ်ရှိစဉ်တုန်းက ဘယ်လင်ဂမ်ကို ခေါ်ယူရန် ကြိုးစားခဲ့ကြောင်းနှင့် ကစားသမားဘဝအစောပိုင်းတွင် ကြီးမားသောကလပ်အသင်းသို့ ပြောင်းရွှေ့လိုတဲ့ စိတ်အားထက်သန်တဲ့ ဆန်ချိုကဲ့သို့သော လူငယ်ကြယ်ပွင့်များကို လေးစားကြောင်းကိုလည်း ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က ဘယ်လင်ဂမ်ကို အရမ်းလိုချင်ခဲ့တာပါ၊ သူက ယူနိုက်တက် ကစားသမားပါ၊ ဒါပေမယ့် သူက ဒေါ့မွန်ကို ရွေးချယ်ခဲ့တာကို ကျွန်တော် လေးစားမိပါတယ်။ အဲဒါက စဉ်းစားပြီးလုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝမ်ဘစ်ဆာကာ၊ ဒန်ဂျိမ်းစ်နဲ့ ဂျေဒန်ကို ကျွန်တော် လေးစားခဲ့ရတာပါ" "ကျွန်တော် ရောက်တုန်းကလို ၁၀၀ ရာခိုင်နှုန်းမဟုတ်တဲ့ အသင်းထဲသို့ လူငယ်ကစားသမားတွေက ဝင်လာဖို့ ပြင်ဆင်ထားတာပါ" လို့ ဆိုးလ်ရှားက ပြောပါတယ်။