
သံတမန်ရာထူးကနေ ဖယ်ရှားပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ တုံ့ပြန်မှုကို ပြောကြားလိုက်တဲ့ ဆာဂျင်ရက်ကလစ်ဖ်
ယူနိုက်တက်ရဲ့ သံတမန်အဖြစ်ကနေ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်အား မဖယ်ရှားခင် စကားပြောခဲ့တာကို ဆာဂျင်ရက်ကလစ်ဖ်က ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ယူနိုက်တက်ရဲ့ အနည်းစု ရှယ်ယာကိုဝယ်ယူခဲ့တဲ့ INEOS ဥက္ကဋ္ဌ ရက်ကလစ်ဖ်ဟာ အိုးထရက်ဖို့ဒ်မှာ ကုန်ကျစရိတ် သက်သာရေး လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်ခဲ့ပါတယ်။ ဝန်ထမ်း ရာချီ အလုပ်ထုတ်ခံခဲ့ရပြီး ဂန္ထဝင် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်လည်း ကလပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ BBC နဲ့ အင်တာဗျူးမှာ ဗြိတိန် ဘီလီယံနာ သူဌေးက ဖာဂူဆန်နဲ့ သူ့ရဲ့ စကားပြောမှုတွင် စကော့တလန်သားက ရာထူးမှဖယ်ရှားခံလိုက်ရတဲ့အပေါ် ဘယ်လို တုံ့ပြန်ခဲ့လဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။
ရက်ကလစ်ဖ်က "ကျွန်တော် အဲလက်စ်ကို ဦးညွှတ်ပါတယ်။ ကျွန်တော် အဲလက်စ်နဲ့ ထိုင်ခဲ့တယ် အခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်းပါပဲ။ ကျွန်တော်က ဒီကလပ်က ခင်များထင်ထားသလို မဟုတ်ဘူးဆိုတာ ကြည့်ပါ။ ဝင်ငွေထက် သုံးငွေကပိုနေတယ်။ ဒါကြောင့် ကျွန်တော်တို့ အခက်အခဲတချို့နဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ရိုးရိုးသားသား ပြောရရင် ခင်များကို တစ်နှစ် ပေါင် ၂ သန်း ဆက်ပြီးပေးဖို့ဆိုတာ တကယ်မတတ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ကျွန်တော်က ဒီအကြောင်းကို ခင်များ စဉ်းစားကြည့်ပါလို့ ပြောခဲ့ပါတယ်။ အစမှာ နည်းနည်း စိတ်ဆိုးခဲ့ပေမယ့် သူ နားလည်သွားပါတယ်။ သုံးရက်အကြာမှာ သူ့သားနဲ့ စကားပြောပြီးနောက် ပြန်လာပြီး ကောင်းပြီ ဒီကနေ နှုတ်ထွက်ပါမယ်။ ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ပါလို့ ပြောခဲ့တယ်"
"ဒါက အဲလက်စ်ရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုယ်ကို ထက် ကလပ်ကို ဦးစားပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီမှာ အိပ်မက်ဆိုးလို ခရီးတစ်ခုကို ဖြတ်သန်းနေရပါတယ်။ ရာသီအစ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် အဲရစ်တန်ဟက်ကို အောက်တိုဘာလမှာ ထုတ်ပယ်ခဲ့ပြီး သူ့နေရာမှာ အမ်မိုရင်ဖြင့် အစားထိုးခဲ့ပေမယ့် ပေါ်တူဂီသားရဲ့ လက်ထက်မှာလည်း သိသာစွာ တိုးတက်လာခြင်းမရှိသေးဘဲ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။ ကလပ်ရဲ့ ဆက်တိုက် ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ပြီးနောက် ရက်ကလစ်ဖ်က ကစားသမားတချို့ဟာ“လစာ အလွန်အကျွံရတာနဲ့ မလုံလောက်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
အာမိုရင်ရဲ့ အသင်းဟာ ကြာသပတေးနေ့ အိုးထရက်ဖို့ဒ်မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် ရီးရဲလ်ဆိုစီဒက်နှင့် ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်က ပထမအကျော့မှာ ၁-၁ ဂိုး သရေကျခဲ့ပါတယ်။