
အသင်းရဲ့ အရန်ကစားသမားတွေကိုချီးကျူးလိုက်တဲ့ ဆီမြွန်နီ
အယ်လ်ချီကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အက်သလက်တီကိုဟာ ကွာတားဖိုင်နယ်သို့ အလွယ်တကူတက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရီကွယ်မီ နှင့် အဲလ်ဗာရက်စ်တို့လည်း ဂိုးသွင်းနိုင်ခဲ့သလို ဆီမြွန်နီလာ လီဂန်းနက်စ်နှင့်ပွဲမတိုင်မီ အသင်းရဲ့အဓိကကစားသမားတွေကိုအနာပေးခဲ့ပါတယ်။
အက်သလက်တီကိုရဲ့ ဒုတိယတန်း ပွဲထွက်စာရင်းဟာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကန်ချက် ၁၄ ကြိမ်မှာ xG ၁.၇၄ အထိ ရှိခဲ့ပြီး ပြိုင်ဘက်ကတော့ ၁၀ ကြိမ်တွင် ၀.၅၁ သာ ရှိခဲ့ပါတယ်။ "ပွဲထွက်ခွင့်နည်းပါးနေတဲ့ ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို ကျွန်တော်ကျေနပ်မိပါတယ်။ သူတို့တွေက အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီလိုမျိုးတုံ့ပြန်ခဲ့မယ်ဆိုတာကို ကျနော်သိပါတယ်"
"ပြိုင်ဘက်ကလည်းအကောင်းဆုံးလုပ်နိုင်ခဲ့ပြီး တိုက်စစ်စဉ်ကစားနိုင်ခဲ့ပေမယ့် ကျနော်တို့အလိုရှိတဲ့အတိုင်း ပွဲကိုဖန်တီးနိုင်ခဲ့ပါတယ်" "ကျနော်တို့ကအရမ်းကောင်းတဲ့ပွဲတခုကစားခဲ့တာဖြစ်ပြီး တိုက်စစ်ဆင်မှူးကလည်းအရမ်းကိုကောင်းခဲ့ပါတယ်" လို့ ဆီမြွန်နီက ပြောပါတယ်။ ပြောင်းလဲမှုများစွာလုပ်ခဲ့တာနဲ့ပတ်သက်ပြီး နည်းပြက ကိုပါဒဲရေးမှာ ရလဒ်ကောင်းခဲ့တဲ့အပေါ် ပြောကြားခဲ့ပါတယ်။
ဆီမြွန်နီဟာ ၂၀၁၂-၁၃ မှာ အက်သလက်တီကိုအား ၁၀ ကြိမ်မြောက်ဆုဖလား ရရှိရန် ဦးဆောင်ခဲ့ပြီး ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ကော်စတာ နှင့် မီရန်ဒါ တို့ရဲ့ ကိုများဖြင့် နိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၂နှစ်အကြာအထိ ဆုဖလားရရှိခဲ့ခြင်းမရှိဘဲ ဆီမီးဖိုင်းနယ်အထိသာ အမြင့်ဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အတွက် သူ့ရဲ့ပြောင်းလဲမှုများ နောက်ကွယ်က အကြောင်းပြချက်ကို ဆီမြွန်နီက အသေးစိတ်ပြောကြားခဲ့ပြီး သူ့ရဲ့အသင်းဟာ လက်ရှိရာသီ ၁၉ ပွဲကစားအပြီး လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပြောကြားခဲ့ပါတယ်။
"ကစားသမားတွေရဲ့ စွမ်းအင်ကို ချွေတာဖို့ ကျွန်တော် သတိထားနေပါတယ်" လို့ ဆီမြွန်နီက TVE ကို ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ဖြတ်ကျော်ဖို့ နိုင်ပွဲတွေရခဲ့ပြီး ကျွန်တော်ထင်ထားတဲ့ ကစားသမားတွေကို အသင်းလိုပဲ ဆက်သွားဖို့ အခွင့်အရေးပေးနိုင်တယ်လို့ ယုံကြည်ပါတယ်" "ပွဲမစခင်မှာ ကျွန်တော် သူတို့ကို ပြောခဲ့ပြီး သူတို့က အရမ်းကောင်းကောင်း အလုပ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် ပွဲထွက်အသင်းကို ဖြတ်ကျော်ကာ ရွေးချယ်ခဲ့တာကို နားလည်ခဲ့ပါတယ်"
"ဒုတိယတန်းမှာ ကောင်းကောင်းကစားနိုင်တဲ့အသင်းနဲ့ ကျွန်တော်တို့က နှိမ့်ချစွာကစားခဲ့ပါတယ်" "ကျွန်တော် အသင်းအတွင်းမှာ ကောင်းမွန်တဲ့ စွမ်းအင်တွေကို ခံစားခဲ့ရပါတယ်။ ကံကောင်းစွာပဲ အဲဒီကစားသမားတွေဟာ အလုပ်ကြိုးစားမှု၊ နှိမ့်ချမှု၊ ဇွဲလုံ့လနဲ့ အသင်းအတွင်းမှာရှိတဲ့ နေရာကို ပြသနိုင်ခဲ့ပါတယ်" "ဒါက ကျွန်တော်တို့ကို ပြိုင်ဆိုင်မှုတွေ ပိုကောင်းလာစေမှာဖြစ်ပြီး ရှေ့ဆက်လျှောက်ဖို့ ရွေးချယ်ရခက်စေမှာပါ" လို့ နည်းပြက ပြောပါတယ်။