The network connection is lost.

Banner Image

ရောင်းချဖို့ ရည်ရွယ်ထားခံရပြီးမှ စာချုပ်သစ်ကမ်းလှမ်းခံထားရတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံကစားသမား ဂနာဘရီကို ရောင်းချဖို့ လုပ်ဆောင်ထားခဲ့ပြီးမှ စာချုပ်သစ်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာက မိမိတို့ဟာ ဂနာဘရီကိုရောင်းချဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ကွန်ပနီလက်အေက်မှာ ခြေစွမ်းကောင်းပြန်လည်ပြသနိုင်ခဲ့ပြီးနောက် အခုလိုပြောင်းလဲခဲ့တာလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းကို ၃-၁ နဲ့အနိုင်ရတဲ့ပွဲမှာ ဂနာဘရီဟာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် နေရာမသေချာမှုတွေရှိလာခဲ့ပေမယ့် မူစီယာလာမပါဝင်နိုင်မှုကနေ ဂျာမန်သားဟာ နောက်ဆုံး ၆ ပွဲမှာ ၂ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

“အဲ့တာက အမြဲတမ်းအလျင်အမြန်ပြောင်းလဲနိုင်ပါတယ်။ ဂနာဘရီက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက အရောင်းစာရင်းတင်ခံထားရတာပါ။ ဒါပေမယ့် အခုတော့ စာချုပ်သက်တမ်းတိုးတော့မှာပါ။ အရေးအကြီးဆုံးအရာက သူနောက်တစ်ကြိမ်ကြံ့ခိုင်မှုပြည့်ဝနေဖို့ပါ။ သူ့မှာ အရည်အချင်းကောင်းရှိပါတယ်။ သူ့မှာဘာရှိလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ သူ့မှာ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ရှိသလို အသင်းအတွက်လည်း အကျိုးပြုနိုင်ပါတယ်။ အခြားပြဿနာတွေက နောက်ကျတွေ့နိုင်ပါတယ်”လို့ ခရစ္စတိုဖာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်စတားဟောင်းရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပေမယ့် ဘိုင်ယန်က စာချုပ်သစ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်ကြောင့် ကွန်ပနီလက်အောက် ဂျာမန်သားဟာ နေရာစုံမှာ အံဝင်နိုင်တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်ပေမယ့် တည်ငြိမ်မှု နဲ့ ကြံ့ခိုင်မှုသာရှိမယ်ဆိုရင် စွမ်းဆောင်ရည်ကောင်းပြသနိုင်နေဆဲဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ဟော့ဖန်ဟိမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဂျာမန်သားက ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ ကွန်ပနီရဲ့ယုံကြည်မှုနဲ့အတူ လာမယ့်အပတ်တွေမှာလည်း ပွဲထွက်ခွင့်တွေရလာနိုင်ပြီး အခုခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့တော့ လိုအပ်နေပါတယ်။