ချဲလ်ဆီးဟာ ကျွန်တော့်အတွက် မိသားစုလို အမြဲခံစားခဲ့ရပါတယ်လို့ ပြောကြားလိုက်တဲ့ ဆန်ချို
တောင်ပံကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်ကနေ ချဲလ်ဆီးထံသို့ အငှားဖြင့် ရောက်လာခဲ့တာဖြစ်ပါတယ်။"ကျနော့်အတွက် ကြီးပြင်းလာကတည်းက ချဲလ်ဆီးဟာ မိသားစုတစ်ခုလို အောင်ပွဲခံတဲ့ ယဉ်ကျေးမှုတစ်ခုလိုပါပဲ" "ချဲလ်ဆီးက ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ကစားတုန်းက မှတ်မိပါသေးတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အတူရှိခဲ့ပြီး သူက လောင်းကြေးထပ်တယ် ချဲလ်ဆီးအနိုင်ရခဲ့ရင်တော့ လက်လွှတ်ဆုံးရှုံးရလိမ့်မယ်လို့ ပြောခဲ့ပါတယ်"
"ရှုံးတာကို မမှတ်မိတော့ဘူး ရားမီးယက်စ်က အဝေးကွင်းမှာ ဂိုးသွင်းယူလိုက်တာနဲ့ သူစိတ်ဆိုးသွားတာပဲ မှတ်မိပါတယ်။ အဲ့ဒီနောက်မှာ ဖာနန်ဒိုတောရက်စ်က နောက်ဆုံးမိနစ်တွင် ဂိုးထပ်သွင်းယူခဲ့ပါတယ်။ ဒါက အရမ်းကို ရယ်စရာဖြစ်ခဲ့ပါတယ်။ သိသာထင်ရှားတာကတော့ နောက်ဆုံးမှာ ဒရော့ဘာက ကွင်းထဲကို ရောက်ရှိလာတာပါ"
"သူတို့လုပ်ခဲ့တဲ့ပုံစံအတိုင်း ပြန်ပြောင်းနိုင်ဖို့က ထိပ်တန်းကစားသမားတွေ၊ ထိပ်တန်းအသင်းတွေနဲ့ ထိပ်တန်းနည်းပြတွေရဲ့ စိတ်ဓာတ်ကို ပြသလိုက်တာပါပဲ" လို့ ချဲလ်ဆီးရဲ့ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆန်ချိုက လက်ရှိရာသီ ချဲလ်ဆီးနှင့်ပတ်သက်ပြီး "ဒါဟာ အံ့ဩစရာပါပဲ။ လူငယ်ကစားသမားတွေ၊ ထူးချွန်ထက်မြက်တဲ့ ကစားသမားတွေအများကြီးပါ"
"တကယ်တော့ ကျွန်တော်က အသက်အကြီးဆုံးထဲက တစ်ယောက်မို့ ရူးသွားနိုင်ပါတယ်။ ဒါဟာ ရူးသွပ်ပေမယ့် အရာဖြစ်ပြီး ဒီမှာနေရတာ ဝမ်းသာပါတယ်။ လေ့ကျင့်ရေးက နေ့တိုင်း အရမ်းပျော်ဖို့ကောင်းတယ် ပြင်းထန်တယ် ကစားသမားတိုင်းက အကောင်းဆုံးဖြစ်ချင်တယ် လူတိုင်းက ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ကြတယ်။ ဒါက ကျွန်တော်တို့အတွက် ပြိုင်ဆိုင်မှုကြီးပါပဲ" လို့ ပြောပါတယ်။