The network connection is lost.

Banner Image

ပွဲချိန်ပြည့်နီးပါး ကစားသမားတစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နိုင်ပွဲရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ၃-၁ ပါချူကာ (ပွဲပြီးရလဒ်)

အခုပွဲစဉ်စတင်လာချိန်မှာပဲ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် အဆန်စီယိုထုတ်ပယ်ခံရလို့ ရီးရဲလ်မက်ဒရစ်တို့ ကစားသမားတစ်ဦးလျော့ဖြင့် လက်ကျန်ပွဲချိန်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်၊ အာဒါဂူလာတို့ရဲ့သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကို ပြတ်ပြတ်သားသား အသာစီးရယူထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း ဗယ်လ်ဗာဒီက ရီးရဲလ်မက်ဒရစ်အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ ပါချူကာအတွက် တစ်လုံးတည်းသောချေပဂိုးကို မွန်တီရယ်လ်က ရယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြကာကွယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်လည်း  အထူးအရေးပါခဲ့ပါတယ်။