The network connection is lost.

Banner Image

ရောဘတ်ဆန်းချက်ဇ်ရဲ့အမှားတွေကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ချဲလ်ဆီးနည်းပြသစ်ရိုစီနီယာ

အာဆင်နယ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပထမအကျော့ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြလီယန်ရိုစီနီယာက ဂိုးသမားရောဘတ်ဆန်းချက်ဇ်ရဲ့အမှားတွေအတွက် သူ့ဆီမှာသာ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။ အသက်-၂၈ နှစ်အရွယ်ဂိုးသမားက စတမ်းဖို့ဒ်ဘရစ်ချ်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်ရဲ့ဗွေဆော်ဦးသွင်းဂိုးနှစ်ဂိုးမှာ အငြင်းပွားဖွယ်မရှိ အမှားကျူးလွန်မိခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဘဝ၊ ပထမဆုံးအိမ်ကွင်းပွဲစဉ်ကိုင်တွယ်ခဲ့တဲ့ ရိုစီနီယာက ရောဘတ်ဆန်းချက်ဇ်အတွက် နည်းဗျူဟာအသစ်တစ်ခု ပြင်ဆင်လုပ်ဆောင်နေပြီလို့ ဖွင့်ဟခဲ့ပါတယ်။ ရိုစီနီယာက “ ဒါဟာ ရော်ဘတ်ဆန်းချက်ဇ်အတွက်သာမက အသင်းတစ်ခုရဲ့ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်က ရော်ဘတ်ဆန်းချက်ဇ်ကို မလုပ်ပြဖူးခဲ့တဲ့အရာတွေကို လုပ်ပြပေးဖို့ တောင်းဆိုနေတာပါ။ ပွဲမစတင်ခင်မှာလည်း ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတွေ အမှားလုပ်မိတယ်ဆိုရင် ကျွန်တော့်ဆီမှာပဲ တာဝန်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ။ ဒါက ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ရောဘတ်ဆန်းချက်ဇ်က ကမ္ဘာ့အဆင့်ဂိုးပေါက်ကာကွယ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုကာကွယ်မှုသာမရှိရင် ကျွန်တော့်တို့ကို ပြိုင်ပွဲမှထွက်ခွာသွားဖို့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ သူ့ရဲ့နားလည်မှုပုံစံအရ သူ တိုးတက်လာပါလိမ့်မယ်။

ဒါက ကျွန်တော်နဲ့လက်တွဲရတဲ့ ရော်ဘတ်ဆန်းချက်ဇ်ရဲ့ပထမဆုံးပွဲစဉ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့ နှစ်ရက်လောက်သာ လက်တွဲလုပ်ကိုင်ခဲ့ရပါတယ်။ အသင်းအတွက် ကျွန်တော့်ရဲ့အမှတ်လက္ခဏာတွေကို ထားရှိပေးရပါမယ်။ ဒါကြောင့်ပဲ ကျွန်တော် ဒီနေရာမှာ ရှိနေတာပါ။

ရလဒ်ပိုင်းကိုထိခိုက်စေတဲ့အရာမျိုး ကျွန်တော်လည်း မလုပ်စေချင်ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော်က အနိုင်ရလဒ်တွေသေချာပေါက်ဖော်ဆောင်နိုင်အောင် လုပ်သွားရပါမယ်။ ဒါပေမဲ့ အခုရာသီ၊ ကျွန်တော်တို့ ရောက်ရှိချင်တဲ့နေရာဆီ ရောက်ရှိသွားအောင် ဆက်လက်တိုးတက်နေစေဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အရမ်းကောင်းတဲ့အမှတ်တစ်ခု ဖြစ်ပါတယ်။

ရောဘတ်ဆန်းချက်ဇ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး ခင်ဗျားတို့သိထားရမယ့်အရာက ကျွန်တော့်ကစားသမားတွေကို ကျွန်တော်ကိုယ်တိုင်ကာကွယ်ပေးသွားမယ်ဆိုတာပါပဲ။ ကျွန်တော်က ရောဘတ်ဆန်းချက်ဇ်ကို တစ်ခုခုလုပ်ပြဖို့ တောင်းဆိုနေတာပါ။ သူ အမှားလုပ်မိတယ်ဆိုရင် ကျွန်တော်တောင်းဆိုတဲ့အရာကို လုပ်မိတာဖြစ်လို့ ကျွန်တော့်ဆီမှာပဲ တာဝန်ရှိပါတယ်။ ပွဲစဉ်တိုင်းမှာ သူ့ဆီ ကျွန်တော်တို့ပေးနေတဲ့သတင်းစကားတွေနဲ့အတူ အသင်းတစ်ခုအဖြစ် ရေရှည်မှာတိုးတက်လာမယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော့်ရဲ့အလုပ်က ကစားသမားတွေကို ကူညီပေးဖို့သာဖြစ်ပြီး ဝေဖန်ဖို့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။