
နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားလဲခဲ့ရတဲ့ ဆာလီဘာရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်
တနင်္ဂနွေနေ့က နယူးကာဆယ်နဲ့ပွဲမှာ လူစားလဲခဲ့ရတဲ့ နောက်ခံလူ ဆာလီဘာတစ်ယောက် တံကောက်ကြောဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ သိရပြီး အခြေအနေမသိရသေးတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ယူပြီး အဆင့် ၂ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ သေချာသလောက်ရှိခဲ့ပြီဖြစ်ပါတယ်။
နယူးကာဆယ်ဘက်က အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား ရာယာရဲ့လက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ရိုက်စ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းဆိုးတစ်ရပ်က အဓိကနောက်ခံလူ ဆာလီဘာတစ်ယောက် ပထမပိုင်းအပြီးမှာ ကာလာဖီအိုရီနဲ့ လူစားလဲခဲ့ရပါတယ်။
ဒဏ်ရာပြဿနာက မရှင်းလင်းသေးပေမယ့် အာတီတာက ဆာလီဘာတစ်ယောက် တံကောက်ကြောဒဏ်ရာအခြေအနေရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ မကြာခင်မှာ စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး အာတီတာကိုယ်တိုင်ကလည်း ဒဏ်ရာအခြေအနေ ပြင်းထန်လားဆိုတာကို အတည်မပြုသေးတာဖြစ်ပါတယ်။
“နောက်ဆုံးအပြုအမူတစ်ခုကိုကြည့်လိုက်ချိန်မှာ သူ့ရဲ့တံကောက်ကြောအခြေအနေက မဟန်ခဲ့ပါဘူး။ ကျွန်တော်တို့ စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးမှုမပြီးမချင်း ဘာဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ ဆောရီးပါ။ ကျွန်တော် မသိသေးပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ဂါဘီရီရယ်ကော ဆာလီဘာပါ မပါဝင်နိုင်ခဲ့ရင် လာမယ့်ရာသီပိတ်ဆောက်သမ်တန်နဲ့ပွဲမှာ မတူညီတဲ့နောက်တန်း ၄ ယောက်ကို အာတီတာအနေနဲ့ အသုံးပြုရဖွယ်ရှိနေပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်မရခဲ့ရင်တောင် အာဆင်နယ်အနေနဲ့ ဂိုးကွာခြားချက်အားသာချက်ရှိနေတာဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်က ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။
“ကိုင်တစ်ယောက် ဒဏ်ရာအခြေအနေကနေ အလျင်အမြန်ပြန်လာနိုင်တာက တကယ့်အံ့ဖွယ်ပါ။ ဆရာဝန်တွေအတွက် အနည်းငယ်လွယ်ကူခဲ့သလို သူကိုယ်တိုင်ကလည်း တွန်းအားပေးခဲ့တာပါ။ ၉ လခွဲလောက် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကိုလည်း သိပါတယ်။ ပရီးမီးယားလိဂ်သမိုင်းကြောင်းကို ကျွန်တော်သိပါတယ်။ အခြေအနေကောင်းတစ်ရပ်မှာရှိမနေဘူးဆိုရင် ၇၀% လောက်မရှိနေဘူးဆိုရင် လုံးဝသေချာပေါက်ကို ကျရှုံးမှာပါ။ ကျွန်တော်အဲ့တာကို တန်ဖိုးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရမ်းကိုမှတည်ငြိမ်တဲ့အရာတစ်ခုကို တည်ဆောက်ချင်တာပါ။ ဆိုးဝါးတာက အချို့လူတွေက အဲ့တာကို မမြင်ကြပါဘူး”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။