The network connection is lost.

Banner Image

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဆိုတဲ့မှတ်ချက်တွေကို ငြင်းဆန်လိုက်တဲ့ အာဆင်နယ်စတား

တယ်လီဖုနဲ့အင်တာဗျူးမှာ အာဆင်နယ်နောက်ခံလူ ဆာလီဘာက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေကို အလျင်အမြန်ငြင်းဆန်လိုက်ပါတယ်။ ပြင်သစ်သားဟာ အာဆင်နယ်မှာ ပုံမှန်နေရာရလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသထားနိုင်ခဲ့ပါတယ်။ ကလပ်အသင်းမှာတင်မဟုတ်ပဲ ဆာလီဘာဟာ နိုင်ငံအသင်းနဲ့ပါ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစွမ်းဆောင်ရည်တွေကြောင့် ပရိသတ်အချို့က ကမ္ဘာ့အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်နေကြပါတယ်။ ဆာလီဘာဟာ ၂၀၁၉ တုန်းက စိန့်အက်တီယန်ကနေ အာဆင်နယ်ထံ ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ အာဆင်နယ်အသင်းအတွက် ၁၂၉ ပွဲအထိ ပါဝင်ကစားပေးထားပြီး အာတီတာလက်အောက်မှာ အရေးပါတဲ့နောက်ခံလူအဖြစ် ရှိနေတာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ကောင်းပြသနေပေမယ့်လည်း ပြင်သစ်သားက သူ့ကိုယ်သူနှိမ့်ချခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပယ်ချခဲ့ပါတယ်။ “ကျွန်တော်က အကောင်းဆုံးတွေထဲကတစ်ယောက်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူမဟုတ်သေးပါဘူး။ ကျွန်တော် တစ်နေ့မှာဖြစ်လာနိုင်ပါတယ်။ အခုထက်လည်း တိုးတက်လာနိုင်ပါသေးတယ်။ ကျွန်တော် တိုးတက်လာဖို့လည်း မျှော်လင့်ပါတယ်”လို့ ဆာလီဘာက ဖြေကြားခဲ့ပါတယ်။