The network connection is lost.

Banner Image

ကလော့ပ်နဲ့အချင်းများခဲ့တာကို လီဗာပူးအသင်းဖော်တွေ ရယ်မောနေခဲ့ကြောင်း ဆာလက် ထုတ်ဖော်ပြောကြား

လီဗာပူးအသင်းတောင်ပံကစားသမား ဆာလက်က ပြီးခဲ့တဲ့ဧပြီလတုန်းက ဝက်စ်ဟမ်းကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ကလော့ပ်နဲ့အချင်းများတာကို ပြန်ပြရင်း လီဗာပူးအသင်းဖော်တွေ ရယ်မောနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၈ လလောက်တုန်းက လီဗာပူးအသင်းဟာ အခုလိုမျိုးဝက်စ်ဟမ်းကွင်းကို လာရောက်ခဲ့ပြီး ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက အီဂျစ်သားဟာ ကလော့ပ်နဲ့အချင်းများခဲ့တာဖြစ်ပြီး ဗန်ဒိုက်က အဝတ်လဲခန်းထဲမှာ အဆိုပါအဖြစ်အပျက်ကို သတိပေးခဲ့ပြီး  ရယ်မောနေခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့တာက ပွဲမတိုင်ခင် ရယ်မောရတဲ့အရာဖြစ်ပါတယ်။ အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေက ပြီးခဲ့တဲ့နှစ်က ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိကြလားဆိုပြီး စနောက်ကြပါတယ်။ ဗန်ဒိုက်ကနေ စတင်ခဲ့တာပါ။ ကျွန်တော်တို့ အဲ့အကြောင်းရယ်မောဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကောင်းမွန်တဲ့အခိုက်အတန့်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ခုကတော့ ပိုကောင်းလာလို့ ကျွန်တော်ဝမ်းသာမိပါတယ်”လို့ ဆာလက်က အဆိုပါအဖြစ်အပျက်ကိုပြန်ပြောပြခဲ့ပါတယ်။

၂၀၂၄ သရေကျချိန်မှာ လီဗာပူးအသင်းဟာ ဖလား ၄ လုံးလမ်းကြောင်းပေါ်ရှိနေတာဖြစ်ပါတယ်။ အဆိုပါအချိန်ကာလတုန်းက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၈ မှတ်ဖြတ်ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိ ၊ ကာရာဘောင်မှာ ဆီမီးဖိုင်နယ် နဲ့ အက်ဖ်အေဖလားမှာလည်း အခြေအနေကောင်းနေတာဖြစ်ပါတယ်။

လာမယ့်ဇန်နဝါရီ ၅ ရက်နေ့မှာ လီဗာပူးအသင်းဟာ ရုန်းကန်နေရတဲ့ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။