ယူရို ၂၀၂၄ က ခြေစွမ်းတွေအပေါ် စိတ်ပျက်မိကြောင်း ဆောက်ဂိတ်အား သတိပေးလိုက်တဲ့ ရွန်းနီ
ယူရို ၂၀၂၄ ရဲ့ အုပ်စုပွဲစဉ်တွေဟာ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်ခဲ့တာဖြစ်ပြီး အင်္ဂလန်ဟာ ၁၆ သင်းအဆင့်မှာတော့ ဆလိုဗက်ကီးယားနှင့် ကစားရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ အင်္ဂလန်ဟာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခြင်းမရှိသေးဘဲ စလိုဗေးနီးယားနှင့် ဂိုးမရှိသရေကျခဲ့တာကြောင့် ဆောက်ဂိတ်ကို ပရိသတ်တွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။
ဆလိုဗေးနီးယားနဲ့ပွဲမှာ ဘယ်လင်ဂမ်ရဲ့ စိတ်ပျက်ဖွယ်ရာများကို ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကစားသမားဟာ သင့်တော်မှုမရှိသေးပါဘူးလို့ ရွန်းနီက ယုံကြည်နေပါတယ်။ "သူက ပထမဆုံးပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း ပြီးခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာတော့ အကောင်းဆုံးမဟုတ်ခဲ့တာတော့ သေချာပါတယ်" "ကျွန်တော့်အတွက်တော့ သူက တော်တော်လေး စိတ်ပျက်နေပုံရပြီး သူ့ရဲ့လက်မောင်းကို မြှောက်ပြပြီး ဘောလုံးတောင်းနေတာကိုပဲ တွေ့ရမှာပါ" "အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားကောင်းတစ်ဦးအနေနဲ့ သူ စကားပြောတာ တစ်ခါမှ မကြားဖူးပါဘူး။ အဲ့ဒီအတွက် အကြောင်းပြချက်ကဘာလဲ။
အင်္ဂလန်ရဲ့ ကျော်ကြားတဲ့ ကစားသမားအနေနဲ့ဆိုရင် သူဒါတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်""ဒါကြောင့် သူဟာ ပြိုင်ပွဲမှာ သင့်တော်တဲ့ ကစားသမားမဟုတ်ဘူးလို့ ပြောရခြင်းဖြစ်ပါတယ်" "သူက အသင်းအတွက် ၁၀၀ % ပေးဆပ်ကစားတာဟုတ်ပါတယ်။ ဒါက ကျွန်တော့်အတွက် ပြဿလို့ မထင်ပါဘူး။ အသင်းဖော်တွေထံကနေ ကစားသမားတစ်ဦးအနေနဲ့ ဒီ့ထက်ပိုပြီးလိုချင်မှာပါ။ ဒါတွေကို သူလုပ်ရမယ်လို့ ထင်ပါတယ်" "ဒါဟာ ဝေဖန်တာမဟုတ်ပါဘူး။ တခြားနည်းတစ်ခုနဲ့ ရှင်းပြ ပြောပြာတာဖြစ်ကာ ဒီလိုအဆင့်မှာ သူက အနီကတ်တောင် ရသွားနိုင်ပါတယ်" လို့ ရွန်းနီက BBC ရဲ့ Football Daily podcast သို့ ပြောပါတယ်။
ဒီတစ်ပတ်မှာကစားမယ့် ဆလိုဗေးနီးယားနဲ့ပွဲမတိုင်ခင် အင်္ဂလန်ရဲ့ကွင်းလယ်မှာ အကောင်းဆုံးဖြစ်ဖို့အတွက် ဘယ်လင်ဂမ်နဲ့ သီးသန့်စကားပြောသွားမယ်လို့ ဆောက်ဂိတ်က ပြောကြားထားပါတယ်။ "စာရွက်တွေပေါ်မှာ ပြောကြားလုပ်ဆောင်ထာတက် သူနဲ့အတူ သီးသန့်ပြောသွားမှာပါ" "ဒါဟာ အသင်းအကြောင်းဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက အချိန်တိုင်းအကောင်းကစားရမှာဖြစ်ပြီး အချိုသောရက်တွေမှာ တောင်ပံကစားသမားတွေအတွက် အခွင့်အရေးပိုရမယ့် နေရာလွတ်တွေရှိနေပါတယ်။ သူတို့တွေက ဘာလုပ်နိုင်သလဲဆိုတာ ပြသရမှာပါ" "ကွင်းလယ်ကနေ ကစားဖို့ဆိုတာ နည်းနည်းတော့ခက်ပါတယ်။ ဖိုဒန်၊ ဆာကာတို့က အကောင်းဆုံးလုပ်ထားပြီး ပါလ်မာကလည်း လူစားဝင်လာတဲ့အချိန် အသင်းအတွက် အကျိုးသက်ရောက်မှုရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အသင်းတစ်သင်းဆိုတာ ဒါပါပဲ" "အားလုံးက တစ်ဦးချင်းကို အာရုံစိုက်နေတာဖြစ်ပြီး ကျွန်တော့်အတွက်ကတော့ အသင်းအကောင်းဆုံးလုပ်နိုင်ဖို့ဖြစ်ပြီး ကျွန်တော်တို့ဖြစ်ချင်တဲ့အရာနဲ့ အနီးကပ်ဆုံးမှာရှိနေပြီဖြစ်ပါတယ်" လို့ ဆောက်ဂိတ်က ပြောပါတယ်။