The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာမဟုတ်တဲ့ ရော်နယ်ဒို

အပြောင်းအရွှေ့အတွက် စကားပြောဆိုနေပေမယ့် ရော်နယ်ဒိုတစ်ယောက် ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ နေးရှင်းလိဂ်ဖိုင်နယ်ပွဲမတိုင်ခင် အင်တာဗျူးမှာ ရော်နယ်ဒိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ကမ်းလှမ်းမှုတွေရှိနေပေမယ့် သူကိုယ်တိုင်က အဆိုပါပြိုင်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အယ်လ်နာဆာနဲ့စာချုပ်သက်တမ်းတိုးပြီးနောက် ဖီဖာဥက္ကဌ အင်ဖန်တီနိုက Streamer Speed နုဲ့အင်တာဗျူးမှာ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး စနောက်ခဲ့ပါတယ်။

“ရော်နယ်ဒိုက အခြားအသင်းတွေထဲကတစ်သင်းမှာကစားနိုင်ချေရှိပါတယ်။ အချို့အသင်းတွေနဲ့ စကားပြောနေပါတယ်”လို့ အင်ဖန်တီနိုက စနောက်ခဲ့ပါတယ်။ ရော်နယ်ဒိုသာပါဝင်နိုင်ခဲ့မယ်ဆိုရင် အဆိုပါပြိုင်ပွဲက ပိုစည်ကားလာနိုင်တာဖြစ်ပြီး ဖီဖာဘက်က မက်ဆီရဲ့အင်တာမိုင်ယာမီကို ဖိတ်ကြားထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများပရိသတ်တွေကတော့ အင်တာမိုင်ယာမီအစား မေဂျာလိဂ်ချန်ပီယံ အယ်လ်အေဂလက်ဆီအသင်းကိုသာ ဖိတ်ကြားသင့်တယ်လို့ ထင်မြင်နေပါတယ်။

“ကမ်းလှမ်းမှုတွေအများကြီးရပေမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ကျွန်တော်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဆွေးနွေးမှုတွေ ၊ ချိတ်ဆက်မှုတွေရှိပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ စဉ်းစားချိန် တိုတောင်းတာ ၊ အလယ်အလတ် နဲ့ ရှည်လျားတာတွေရှိနိုင်ပါတယ်”လို့ ရော်နယ်ဒိုက ဖြေကြားခဲ့ပါတယ်။ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လတုန်းက ဒီအပိုင်းက ပြီးဆုံးခဲ့ပြီလို့ လူမှုမီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလပ်ကမ္ဘာ့ဖလားမရှိတာကြောင့် သတင်းတွေအရ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

ရော်နယ်ဒိုဟာ အနားယူဖို့အစီအစဉ်မရှိပဲ စီနီယာကစားသမားဘဝဂိုး ၁၀၀၀ ပြည့်မြောက်တဲ့ပထမဆုံးကစားသမားဖြစ်လာဖို့ ပစ်မှတ်ထားနေကာ လက်ရှိမှာ ၉၃၇ ဂိုးအထိရှိနေပြီး ၆၃ ဂိုးလိုအပ်နေသေးတာဖြစ်ပါတယ်။