
ပီအက်စ်ဂျီစတားကို ချီးကျူးလိုက်တဲ့ ဘာစီလိုနာဂန္ထဝင်ဟောင်း ရော်နယ်ဒင်ဟို
ဘာစီလိုနာဂန္ထဝင်ဟောင်း ရော်နယ်ဒင်ဟိုက ပီအက်စ်ဂျီစတား ဒမ်ဘီလီရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ ပြင်သစ်သားဟာ ပီအက်စ်ဂျီကိုပြောင်းလာပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ကနေ ဘာစီလိုနာထံပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပြီး အဆိုပါအချိန်ကာလအတွင်းမှာ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပါတယ်။
အဲ့နောက် ၂၀၂၃ မှာ ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့ပြီး ၁ နှစ်လောက်အချိန်ယူခဲ့ပြီးနောက်မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၄၀ ပွဲမှာ ၃၂ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး အသင်းကို လီဂူးဝမ်းချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ဖလားအတွက်ပါ ကူညီပေးနေပါတယ်။ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီစတားဟောင်း ဒင်ဟိုကတော့ ဒမ်ဘီလီရဲ့အမာခံပရိသတ်ဖြစ်ပြီး အင်တာဗျူးတစ်ခုမှာ “ကျွန်တော် နှိုင်းယှဉ်ရတာကို မကြိုက်ပါဘူး။ ကျွန်တော့်အသင်းဟောင်းတွေကို အဓိကကြည့်ဖြစ်ပါတယ်။ အဲ့ထဲမှာမှ ချန်ပီယံလိဂ်ကိုပိုကြည့်ဖြစ်ပါတယ်။
ပီအက်စ်ဂျီက ဒမ်ဘီလီကို ကျွန်တော်အများကြီးကြိုက်ပါတယ်။ သူက ဘရာဇီးကစားဟန်နဲ့ဆင်တူပါတယ်။ သူ တီထွင်နိုင်သလို ပြိုင်ဘက်ကိုလည်း ဆွကစားနိုင်ပါတယ်။ သူ့ခြေစွမ်းကို တခါတလေမှာ ဖတ်လို့မရနိုင်ပါဘူး။ ပြီးတော့ ဂိုးတွေလည်းအများကြီးသွင်းယူထားနိုင်ပါတယ်။ သူ့ကိုယ်သူလည်း ထုတ်ဖော်ပြထားနိုင်သလို အခုရာသီမှာဆိုရင်လည်း ဘာစီလိုနာ ဒါမှမဟုတ် ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီမှာတုန်းကနဲ့မတူညီတဲ့နေရာမှာ ကစားပြနေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ လီဂူးဝမ်းမှာ ဦးဆောင်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။