ပေါင် ၃၇ သန်းဖြင့်ခေါ်ယူခဲ့တဲ့ ကစားသမားက အသင်းမှာကစားဖို့လုံလောက်မှုမရှိမှာကို ယူနိုက်တက်က စိုးရိမ်ခဲ့ကြောင်း ပြောကြားလိုက်တဲ့ ဖာဒီနန်
ပရီးမီးယားလိဂ်ကလပ်ဟာ စီးရီးအေကလပ် အတ္တလန်တာမှ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမက်ဒီယာလိုကို ၂၀၂၁ ခုနှစ်အကုန်တွင်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ သူ့ကိုခေါ်ယူနိုင်ရန် ကနဦးပေါင် ၁၉ သန်း သုံးစွဲခဲ့ကာ စာချုပ်တစ်ခုလုံးအတွက် ကုန်ကျစရိတ်ဟာ ပေါင် ၃၇ သန်းအထိ မြင့်တက်လာနိုင်ကာ ၄ နှစ်စာချုပ်ဖြင့် အိုးထရက်ဖို့ဒ်သို့ ခေါ်ယူရန် ကလပ်အသင်းများစွာနှင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်တွင် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာပြီးနောက် ဒီယာလိုဟာ ယူနိုက်တက်တွင် ချက်ချင်းအကျိုးသက်ရောက်မှုရရှိရန် ရုန်းကန်ခဲ့ရပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စကော့တလန်ဘီလူး ရိန်းဂျားစ်သို့ အငှားချခံခဲ့ရပြီး နောက်ရာသီတွင် ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းသို့ ထပ်မံအငှားချခြင်း ခံခဲ့ရပါတယ်။
Stadium of Light တွင် တစ်နှစ်တာကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက သရဲနီတွေအတွက် အထင်ကြီးစရာ ဖြစ်ခဲ့ပြီး ဒီရာသီမှာအသင်းရဲ့ အဓိကအသင်းသားတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဒီယာလိုအတွက် အံ့ဩစရာ တွေ ဖြစ်ခဲ့ပါတယ်။
မန်စီးတီးနှင့်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲမှာ ပင်နယ်တီရရှိအောင်စွမ်းဆောင်ခဲ့ပြီး ပက်ဂွါဒီယိုလာရဲ့ ချန်ပီယံတွေကို အံ့အားသင့်စေမယ့် ဒဏ်ရာအချိန်ပိုအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ယူနိုက်တက်ရဲ့ နောက်ကျတစ်ကျော့ပြန် စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့တာက ဒီယာလိုပဲ ဖြစ်ပါတယ်။
ဖာဒီနန်ကတော့ ဒီယာလိုရဲ့ တိုးတက်မှုကို အလွန်အမင်း သဘောကျခဲ့ပြီး ယခုအခါ လူငယ်ကစားသမားဟာ ယူနိုက်တက်နည်းပြသစ် ရူဘင်အမ်မိုရင်ရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်လာပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်ဖသို့သော်လည်း ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းက အိုးထရက်ဖို့ဒ်ကအတွင်းလူတွေဟာ ဒီယာလိုဟာ ချက်ချင်း သဘောကျခြင်းမရှိဘဲ ပရီးမီးယားလိဂ်နှင့် အသားမကျမှာကို စိုးရိမ်ခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"ရည်မှန်းချက်တွေထက် ဒီလူငယ်ကစားသမားလေးရဲ့ စရိုက်ကို သဘောကျပါတယ်" လို့ ဖာဒီနန်က သူ့ရဲ့ YouTube ချန်နယ်တွင် ပြောကြားခဲ့ပါတယ်။ "သူက ပိုက်ဆံအများကြီးနဲ့ ကလပ်ထံကို ခေါ်ခြင်းခံရတဲ့ လူငယ်လေးဖြစ်ပြီး သူ့အပေါ် စိတ်ဝင်စားမှုလည်း အများကြီး ရှိနေပါတယ်"
"ချက်ချင်းဆိုသလိုပဲ အသင်းအတွက် မဟုတ်ဘူး မလုံလောက်ဘူးလို့ ခံစားရပါတယ်။ ကလပ်အတွင်းရော အပြင်မှာပါ လူတွေက ဒီကောင်လေးက သေးငယ်လွန်းတယ် ပေါ့ပါးလွန်းတယ် ဒီလိဂ်အတွက် မသင့်လျော်ဘူးလို့ တွေးနေကြပါတယ်" "သူက ဘာလဲဆိုတာတော့ မသိပါဘူး။ သူက ဘောလုံးသမားကောင်းတစ်ယောက်လို့ တွေးနေပေမယ့် မရပါဘူး"
"ကျွန်တော့်ကောင်ကတော့ အဲ့ဒီအကြောင်းတွေကို ကြားသိပြီးတော့ လောင်စာအဖြစ်သုံးကာ အကောင်းဆုံးလုပ်၊ အငှားထွက်ကစားပြီး အခုတော့ သူ့ရဲ့ပုံစံကိုကြည့်လိုက်စမ်းပါ"
"မန်နေဂျာအသစ်ရောက်လာတော့ ဒီယာလိုက ဒီမန်နေဂျာအတွက် ပွဲထွက်စာရင်းစာရွက်ပေါ်က ပထမဆုံးနာမည်ဖြစ်လာပြီး ဒီကောင်းလေးရဲ့ စရိုက်လက္ခဏာအတွက် သက်သေတစ်ခုလို့ ပြောဖို့အထိဖြစ်လာပါတယ်"
"ဘောလုံးမပါဘဲဆိုရင်တောင် သူရဲ့ ပုံစံကကောင်းမွန်နေပါတယ်။ သူက တကယ့်ဘောလုံးသမားလို့ ကျွန်တော်ထင်ပါတယ်" "ဒါဟာ သံသယဖြစ်စရာလို့ မထင်ပါဘူး၊ လူတိုင်းက သူ့ရဲ့အရည်အချင်းကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ မင်းသူ့ကိုကြည့်တဲ့အခါ တစ်ဖက်က မြင်လိုက်မိမှာ မဟုတ်ပါဘူး" လို့ ဖာဒီနန်က ပြောပါတယ်။
အဲရစ်ဆယ်ဟက်ကို ထုတ်ပယ်ပြီးနောက် လွန်ခဲ့တဲ့လက အိုးထရက်ဖို့ဒ်သို့ရောက်ရှိတဲ့ အမ်မိုရင်ရဲ့ လက်အောက်တွင် ကစားရတာက အရမ်းကောင်းပါတယ်လို့ ဒီယာလိုက ပြောပါတယ်။ "ကျွန်တော် အရမ်းကောင်းလာပါတယ်" လို့ MUTV သို့ ဒီယာလိုက ပြောကြားခဲ့ပါတယ်။ "ဒီလို ဒါဘီပွဲမျိုးမှာ မန်စီးတီးကို အနိုင်ရတာ၊ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ သူတို့ကို အဝေးကွင်းမှာ အနိုင်ရတာက ခံစားချက်ကောင်းတွေပဲ ရနိုင်ပါတယ်"
"ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ဒီနေ့မှာတော့ ဒါဟာ မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့ သိထားပေမယ့် ဒါက ဒါဘီပွဲပါပဲ။ အနိုင်ယူချင်တယ်ဆိုရင်တော့ သူတို့ထက်ပိုပြီး စိတ်အားထက်သန်ဖို့လိုပြီး အဲဒါကို ပြသနိုင်ခဲ့ပါတယ်"
"ကျွန်တော်တို့ စိတ်အားထက်သန်ပြီး ပွဲကိုအနိုင်ရလို့ ပျော်ပါတယ်။ ကျွန်တော်က မန်နေဂျာရဲ့ နည်းစနစ်ကို လိုက်နာနေပါတယ်"
"သူက အများကြီး ဖိအားပေး ကစားခိုင်းပြီး အဲ့လိုကစားရတဲ့အခါ ၁၀၀ % လုပ်ပြီး အဲ့ဒီမှာ ဘယ်သူပဲ ရှိရှိ ကျွန်တော် လုံးဝဂရုမစိုက်တော့ပါဘူး"
"ပထမဆုံးပင်နယ်တီရလို့ ကျွန်တော်ပျော်ပါတယ်။ ကန်သွင်းဖို့ ကြိုးစားပေမယ့် ပြိုင်ဘက်ခံစစ်မှူးရောက်လာပြီး ကျွန်တော့်ခြေထောက်တွေကို ထိတာကြောင့် ပင်နယ်တီ ပေးလိုက်ရတာပါ"
"ဒုတိယတစ်ချက်ကတော့ လီချာပါ။ သူက ဒီဘောလုံးပေးပို့မှုမျိုး ပေးစွမ်းနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ အစပိုင်းမှာတော့ ဘောလုံးက မြန်လွန်းတာကြောင့် မယုံခဲ့ပေမယ့် ဘောလုံးကို ထိမိပြီး ဂိုးသွင်းခဲ့ပါတယ်"
"မန်စီးတီးနဲ့ပွဲမှာ ဒီလိုဂိုးသွင်းရတာ အရမ်းပျော်ပြီး ပွဲကိုအနိုင်ရတာ အရမ်းပျော်ပါတယ်။ ဒီနေ့ဒီအခိုက်အတန့်ကို ပျော်ချင်ပါတယ်။ ပြီးတော့ နောက်ပွဲအတွက်ကိုလည်း အာရုံစိုက်ကြည့်ရအောင်ပါ" လို့ ဒီယာလိုက ပြောပါတယ်။
မန်စီးတီးကို အနိုင်ယူထားသော်လည်း ယူနိုက်တက်ဟာ လာမယ့်ရက်သတ္တပတ်တွင် ဘုန်းမောက်နှင့် အိမ်ကွင်းပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်ဇယားရဲ့အလယ်မှာရှိနေတာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်တွင် ဘုန်းမောက်နှင့်ကစားမယ့်ပွဲမတိုင်မီ အမ်မိုရင်ရဲ့ ယူနိုက်တက်ဟာ မြောက်လန်ဒန်သို့ သွားရောက်ကာ တော့တင်ဟမ်နှင့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။