The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပွဲအတွက် ပဲရစ်ကိုသွားတဲ့ လေယာဉ်ပေါ်မှာ ဒေါ့မွန်အသင်းနဲ့အတူ လိုက်ပါပူးပေါင်းနိုင်ခဲ့တဲ့ ရေနာ

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို ယနေ့ညမှာ စတင်ကစားကြမှာဖြစ်ပြီး အုပ်စု (F) ပွဲစဉ်တစ်ပွဲအဖြစ် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့အားထားရတဲ့ အမေရိကန်ကစားသမား ရေနာက ခရီးစဉ်မှာ လိုက်ပါနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းပါဝင်ကစားနေစဉ်ကာလအတွင်း ရေနာအနေဖြင့် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းအတွက် ကစားပေးရမယ့် ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ထားတာလည်း ဖြစ်ပါတယ်။ ရေနာအနေဖြင့် ဒဏ်ရာ ရနေစဉ်ကာလဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၂ပတ်ခန့်ကတည်းက ဒဏ်ရာကနေ အတိုင်းအတာတစ်ခုအထိ သက်သာလာပြီဖြစ်ကြောင်း အင်စတာဂရမ်မှာ ‘ကြိုးစားလေ့ကျင့်နေပါတယ်’ ဆိုတဲ့ စာသားနဲ့အတူပုံတင်ကာ ပရိသတ်တွေကို ခွန်အားပေးသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိန်ကန်ကလပ်ရွေးစင်အသင်းရဲ့ စူပါးစတားတစ်ဦးဖြစ်တဲ့ အသက် ၂၀ အရွယ်ရေနာ ဒဏ်ရာကနေ သက်သာ ဒေါ့မွန်ယူ - ၂၃ အသင်းနဲ့ ပူးတွဲလေ့ကျင့်နေပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေါ့မွန်အသင်းက ဖရိုင်းဘတ်အသင်းကို ၄ဂိုး - ၂ဂိုး ဖြင့်အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ကစားပေးနိုင်ခဲ့ခြင်းမရှိတာလည်း ဖြစ်ပါတယ်။

နည်းပြ အီဒင်တာဇစ်ရဲ့ ဒေါ့မွန်အသင်းက ယခုနှစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်းမှာ ၄ ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိ ကစားထားပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်ဖြင့် ရမှတ် ၈မှတ်ပိုင်ဆိုင်ထားကာ ယနေ့ညမှာ လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းတွင် ချန်ပီယံလိဂ်ပွဲစဉ် ကစားသွားရမှာပဲ ဖြစ်ပါတယ်။