The network connection is lost.

Banner Image

လီဗာပူးဂန္ထဝင်ဟောင်းကို ခေါ်ယူနိုင်တော့မယ့် ဖာဘရီဂတ်စ်

ကိုမိုအသင်းကတော့ လီဗာပူးဂန္ထဝင်ဂိုးသမားဟောင်း ရေနာကို ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ် နဲ့ ချဲလ်ဆီးစတားဟာ ကိုမိုအသင်းကို ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေကို တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

စပိန်သားဟာ ယာယီနည်းပြအဖြစ် ကိုမိုအသင်းကိုတာဝန်ယူနေတာဖြစ်ပြီး ဟာတိုနိုညီအကိုက ကိုမိုအသင်းကို ပိုင်ဆိုင်တာဖြစ်ပါတယ်။

အခုတော့ ကိုမိုအသင်းဟာ ထိပ်တန်းကစားသမားတော်တော်များများနဲ့ အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ကိုမိုအသင်းဟာ မကြာသေးခင်တုန်းက ယူနိုက်တက်စတားဟောင်း ဗာရာနီ နဲ့ မာဆေးလ်အသင်းထံကနေ ပေါလ်လိုပက်ဇ်တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကိုမိုဟာ ဘက်တစ်စတား ရိုဒရီဆန်းချက်ဇ်ကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်သလို အခုအေအက်စ်သတင်းဌာနရဲ့အဆိုအရ ရေနာကိုလည်း ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

အသက် ၄၁ နှစ်အရွယ် စပိန်ဂိုးသမားဟာ ဘာစီလိုနာ ၊ လီဗာပူး ၊ ဘိုင်ယန် ၊ ရီးရဲလ် နဲ့ အင်တာမီလန်တို့မှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။

ရေနာဟာ ဗီလာရီးရဲလ်ကနေ ထွက်ခွာပြီးနောက် အလွတ်နဲ့ရနိုင်မယ့်ကစားသမားအဖြစ် ရှိနေတာဖြစ်ပြီး အခုတော့ ကိုမိုအသင်းနဲ့ပူးပေါင်းတော့မှာဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ကတော့ ရေနာရောက်လာတာဟာ အသင်းရဲ့ပရောဂျက်အတွက် အခြေခံအုတ်မြစ်ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရေနာဟာ ဗီလာရီးရဲလ်အသင်းဖော်ဟောင်းနဲ့ ပြန်လည်ပေါင်းဆုံးနိုင်ဖွယ်ရှိနေပြီး ကိုမိုအသင်းက မိုရီနိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

မိုရီနိုဟာ ဗီလာရီးရဲလ်ကနေ အလွတ်နဲ့ထွက်ခွာလာခဲ့တာဖြစ်ပြီး လီဗာပူးအသင်းမှာလည်း ကစားခဲ့ဖူးတာဖြစ်ပါတယ်။

၂၀၂၂ တုန်းက ရေနာတစ်ယောက် ဗီလာရီးရဲလ်ကို ဒုတိယအကြိမ်ပြန်လာခဲ့တာဖြစ်ပြီး ၄၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

စပိန်အတွက်တော့ ရေနာဟာ ၃၆ ပွဲအထိ ပါဝင်ကစားခဲပြီး ၂၀၀၂ တုန်းက ဗီလာရီးရဲလ်ကိုမပြောင်းခင် ဘာစီလိုနာမှာ ကစားသမားဘဝစတင်ခဲ့ပါတယ်။

အဲ့နောက် ၃ နှစ်အကြာမှာ လီဗာပူးအသ်းထံပြောင်းရွှေ့ခဲ့ပြီး ၉ နှစ်ကြာကစားပြီးနောက် ဘိုင်ယန်ကိုအပြီးသတ်မပြောင်းခင် နာပိုလီမှာ အငှားထွက်ကစားခဲ့ပါတယ်။

အဲ့နောက် ၂၀၁၈ မှာ အေစီမီလန် ၊ ဗီလာအသင်းကို အငှားနဲ့ပြန်လာခဲ့သေးတာဖြစ်ပါတယ်။ ၂ နှစ်အကြာမှာ လာဇီယိုအသင်းထံပြောင်းရွှေ့ခဲ့ပြီး အဲ့နောက် ဗီလာရီးရဲလ်ထံပြောင်းရွှေ့ခဲ့ပါတယ်။

ရေနာဟာ အက်ဖ်အေ ၊ လိဂ်ဖလား ၊ ဘွန်ဒက်စ်လီဂါ ၊ ဥရောပဖလား ၂ ကြိမ် နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်တို့ရယူနိုင်ခဲ့ပါတယ်။